Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 15:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သို့ ဖြစ်၍ အ သင်း တော် ပို့ လိုက် သော ထို သူ တို့ သည် ဖိ နိတ် နယ်၊ ရှ မာ ရိ နယ် များ ကို ဖြတ် လျက် လူ မျိုး ခြား တို့ ပြောင်း လဲ ခြင်း အ ကြောင်း ကြား ပြော ကြ သ ဖြင့် ညီ အစ် ကို ရှိ သ မျှ တို့ အား ရ ဝမ်း မြောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို့နောက် အသင်းသားများ​သည် ထို​သူတို့​ကို မြို့ပြင်​ထိ လိုက်ပို့ကြ၏။ ပေါလု​နှင့် ဗာနဗ​တို့​သည် ဖိုနီးရှားပြည်​နှင့် ရှမာရိပြည်​ကို ဖြတ်သွား​စဉ် လူမျိုးခြားများ​၏​ပြောင်းလဲခြင်း​အကြောင်း​ကို ပြန်ပြောပြကြ​သဖြင့် ယုံကြည်သူများ​သည်လည်း အလွန်​ဝမ်းမြောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 15:3
27 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​၏​ညီ​သည် သေဆုံး​ခဲ့​သော်လည်း အသက်​ပြန်​ရှင်​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​သည်​ဖြစ်၍ ယခု​ဝမ်းမြောက်​ပျော်ရွှင်​သင့်​၏’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍


လူမျိုးခြား​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဝမ်းမြောက်​လျက် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ချီးမွမ်း​ကြ​၏။ ထာဝရ​အသက်​ရရှိ​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ယုံကြည်​ကြ​၏။


တပည့်​တော်​တို့​သည်​လည်း ဝမ်းမြောက်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက်​ရှိ​ကြ​၏။


သူ​တို့​ရောက်​ကြ​သောအခါ အသင်းတော်​ကို​စုဝေး​စေ​လျက် မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို​လည်းကောင်း၊ ယုံကြည်​ခြင်း​တံခါး​ကို လူမျိုးခြား​တို့​အတွက် ဖွင့်​ပေး​တော်မူ​ကြောင်း​ကို​လည်းကောင်း ပြောကြား​ကြ​၏။


လူ​အချို့​တို့​သည် ယုဒ​ပြည်​မှ ဆင်းလာ​၍ “သင်​တို့​သည် မောရှေ​၏​ဓလေ့​ထုံးစံ​အတိုင်း အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်တင်​ခြင်း​မ​ခံရ​နိုင်”​ဟု ညီအစ်ကို​တို့​အား သွန်သင်​ကြ​၏။


ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။


ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။


ယုဒ​နှင့်​သိလ​တို့​ကိုယ်တိုင်​သည်​လည်း ပရောဖက်​များ​ဖြစ်​ကြ​သောကြောင့် များစွာ​သော​စကား​တို့​ဖြင့် ညီအစ်ကို​တို့​ကို တိုက်တွန်း​နှိုးဆော်​လျက် ခိုင်ခံ့​မြဲမြံ​စေ​ကြ​၏။


ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။


ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။


အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ငါ​တို့​အကြောင်း​ကို​ကြား​သော ညီအစ်ကို​တို့​သည် ငါ​တို့​နှင့်​တွေ့ဆုံ​ရန် ရောမ​မြို့​မှ အပ္ပိ​အရပ်​နှင့် ဧည့်ရိပ်သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အရပ်​တိုင်အောင် လာ​ကြ​၏။ ပေါလု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘုရားသခင်​ကို​ကျေးဇူးတင်​လျက် အားတက်​လာ​လေ​၏။


ရှမာရိ​နယ်သား​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​လက်ခံ​ကြ​ကြောင်း ဂျေရုဆလင်​မြို့​တွင်​ရှိ​သော တမန်တော်​တို့​သည် ကြားသိ​ကြ​သောအခါ ပေတရု​နှင့်​ယောဟန်​တို့​ကို သူ​တို့​ထံသို့​စေလွှတ်​ကြ​၏။


စပိန်​ပြည်​သို့ ငါ​သွား​သောအခါ သင်​တို့​ကို လမ်းကြုံ​ဝင်​တွေ့​၍ အတော်အတန်​အလိုဆန္ဒ​ပြည့်စုံ​အောင် သင်​တို့​နှင့်အတူ​နေ​ပြီးမှ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်လင့်​ထား​၏။


ထို့ကြောင့် မည်သူ​မျှ သူ့​ကို​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီအစ်ကို​များ​နှင့်အတူ သူ​ရောက်လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်၍ သူ​သည် ငါ့​ထံသို့​ပြန်လာ​နိုင်​ရန် သူ့​ကို ငြိမ်းချမ်း​စွာ​ပို့ဆောင်​ကြ​လော့။


ငါ​သည် သင်​တို့​နှင့်အတူ ဆောင်း​ကာလ​အတွင်း နေ​ကောင်း​နေ​ဖြစ်​လိမ့်မည်။ သို့ပြုလျှင် မည်သည့်​နေရာ​သို့ ငါ​သွား​သည်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​ပို့ဆောင်​ပေး​နိုင်​ကြ​လိမ့်မည်။


သင်​တို့​နေရာ​ကို​ဖြတ်​လျက် မာကေဒေါနိ​ပြည်​သို့ သွား​ပြီးနောက် တစ်ဖန် မာကေဒေါနိ​ပြည်​မှ သင်​တို့​ထံသို့​ပြန်လာ​၍ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ယုဒ​ပြည်​သို့​သွား​မည်​ဟု စီစဉ်​ထား​၏။


ကျမ်းတတ်​ပုဂ္ဂိုလ်​ဇေန​နှင့်​အာပေါလု​တို့​ကို သူ​တို့​အတွက် လိုလေသေး​မ​ရှိ​ရ​အောင် သေချာ​စွာ​ပို့ဆောင်​ပေး​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ