သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
၁ ကော 16:18 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။ Common Language Bible သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။ Judson Bible အကြောင်းမူကား၊ သင်တို့သည် ပြုစု၍ မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။ |
သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
ဝေးလံသောပြည်မှ ရောက်လာသောသတင်းကောင်းသည် မောပန်းသောစိတ်ဝိညာဉ်အတွက် အေးမြသောရေကဲ့သို့ဖြစ်၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။
ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။
တုခိတ်ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့အကြောင်းကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
ညီအစ်ကိုတို့၊ သင်တို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ သခင်ဘုရား၌ သင်တို့ကို စီမံအုပ်ချုပ်လျက် သင်တို့ကိုသတိပေးဆုံးမနေကြသောသူများကို ကြည်ညိုလေးစားကြရန်လည်းကောင်း၊
ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။