အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 10:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဇာတိ​အားဖြင့် အစ္စရေး​လူမျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့် စပ်ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။

Common Language Bible

ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဇာ တိ အ လျောက် ဣ သ ရေ လ လူ မျိုး ဖြစ် သူ တို့ ကို ထောက် ရှု ကြ လော့။ ပူ ဇော် သ က္ကာ များ ကို သုံး ဆောင် သူ တို့ သည် ပူ ဇော် ရာ ပ လ္လင် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။

Judson Bible

ဇာ​တိ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သူ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ယဇ်​ကောင်​ကို​စား​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အစ္စရေးလူမျိုးတို့​ကို ကြည့်ရှု​ဆင်ခြင်ကြလော့။ ယဇ်ပလ္လင်​တွင် ပူဇော်ထားသော ယဇ်ကောင်​ကို စားသောသူတို့​သည် ယဇ်ပလ္လင်​တွင် ပူဇော်ခြင်း​၌ ပါဝင်​ပတ်သက်ကြသည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။



၁ ကော 10:18
18 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ပူဇော်သက္ကာ​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။


ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ယဇ်ကောင်​အသား​ကို​စား​ခွင့်​ရှိ​၏​။ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ဤ​ယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။


အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။


ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍


ထိုသို့​ဖြစ်​လျှင် သွေးသား​ဇာတိ​အားဖြင့် ငါ​တို့​အဖ​အာဗြဟံ ခံစား​ရရှိ​သည့်​အရာ​နှင့်​ပတ်သက်၍ မည်သို့​ဆို​ရ​မည်နည်း။


ထို့ပြင် အာဗြဟံ​အား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အဖ​ဖြစ်​စေရန်​နှင့် အရေဖျား​လှီး​ထား​သော​သူ​သာမက​ဘဲ အရေဖျား​မ​လှီး​မီ​က​ပင် ငါ​တို့​အဖ​အာဗြဟံ​၌​ရှိ​သော ယုံကြည်​ခြင်း​ခြေရာ​ကို လိုက်လျှောက်​သော​သူ​တို့​၏​အဖ​လည်း ဖြစ်​စေရန်​အတွက်​ဖြစ်​၏။


ဗိမာန်​တော်​အမှုကိစ္စ​များ​ကို ဆောင်ရွက်​သော​သူ​တို့​သည် ဗိမာန်​တော်​မှ​ရရှိ​သော​အရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်ပလ္လင်​၌​အမှုထမ်း​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပူဇော်သက္ကာ​များ​ကို မျှဝေ​ခံစား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။


ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။


သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး​၊ ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​ရှိသမျှ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ အလှူပစ္စည်း စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​သည် မိမိ​မြို့​၌ စား​ခွင့်​မ​ရှိ​။


ငါ​တို့​တွင် ယဇ်ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်မှ​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ။