အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 8:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲအား “ဟာမန်သည် ဂျူးလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သောကြောင့် သူ့ကို သစ်တိုင်မှာဆွဲထားစေလေပြီ။ ဟာမန်၏အိမ်ကိုလည်း ဧသတာအား ပေးအပ်လေပြီ။ Common Language Bible ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။- Garrad Bible မိ ဖု ရား ဧ သ တာ နှင့် ယု ဒ လူ မျိုး မော် ဒ ကဲ တို့ အား ဘု ရင် အာ ရွှေ ရု မင်း က၊ ယု ဒ လူ မျိုး တို့ ကို လက် ရောက် ပြု လို သော ဟာ မန် ကို၊ လည် ဆွဲ တိုင်၌ ကွပ် မျက် စေ ခဲ့ ပြီ။ ချင့် အိမ် ကို လည်း ဧ သ တာ အား ငါ ပေး ပြီ။ Judson Bible ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။
ထိုနေ့တွင်ပင် အာရွှေရုမင်းကြီးသည် ဂျူးလူမျိုးတို့၏ရန်သူဟာမန်၏အိမ်ကို မိဖုရားဧသတာအား ပေးလေ၏။ ဧသတာက မော်ဒကဲသည် မိမိနှင့်မည်သို့တော်စပ်သည်ကို လျှောက်တင်ရာ ရှင်ဘုရင်က မော်ဒကဲအား ရှေ့တော်သို့ခစားခွင့်ပေးလေ၏။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။