ဧသတာ 8:8 - မြန်မာ့စံမီသမ္မာကျမ်း
8 ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 သို့ရာတွင်ဘုရင့်အမည်ဖြင့်ရေး၍လက်စွပ် တော်တံဆိပ်ခတ်နှိပ်ထားသည့်အမိန့်တော် စာကိုမူမဖျက်မပယ်နိုင်။ သို့သော်လည်း သင်တို့အလိုရှိသည့်အတိုင်းယုဒအမျိုး သားများထံသို့ငါ၏နာမည်ဖြင့်စာရေး ၍ဘုရင့်လက်စွပ်တော်တံဆိပ်ကိုခတ်နှိပ် လော့'' ဟုမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ဘု ရင့် အ မည် ဖြင့် ရေး၍၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး သော အ မိန့် တော် စာ ကို ကား၊ မည် သူ မျှ မ ဖျက် မ ပယ် နိုင်။ ယု ဒ လူ မျိုး တို့ အ ကြောင်း သင် တို့ အ လို ရှိ ရာ ကို၊ ငါ့ ဘု ရင့် အ မည် ဖြင့် စာ ရေး၍ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
8 သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ