ဧသတာ 8:7 - Common Language Bible7 ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။- အခန်းကိုကြည့်ပါ။Garrad Bible7 မိ ဖု ရား ဧ သ တာ နှင့် ယု ဒ လူ မျိုး မော် ဒ ကဲ တို့ အား ဘု ရင် အာ ရွှေ ရု မင်း က၊ ယု ဒ လူ မျိုး တို့ ကို လက် ရောက် ပြု လို သော ဟာ မန် ကို၊ လည် ဆွဲ တိုင်၌ ကွပ် မျက် စေ ခဲ့ ပြီ။ ချင့် အိမ် ကို လည်း ဧ သ တာ အား ငါ ပေး ပြီ။ အခန်းကိုကြည့်ပါ။Judson Bible7 ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲအား “ဟာမန်သည် ဂျူးလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သောကြောင့် သူ့ကို သစ်တိုင်မှာဆွဲထားစေလေပြီ။ ဟာမန်၏အိမ်ကိုလည်း ဧသတာအား ပေးအပ်လေပြီ။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။
ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-