ဧသတာ 8:5 - မြန်မာ့စံမီသမ္မာကျမ်း
“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။
အခန်းကိုကြည့်ပါ။
``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
အခန်းကိုကြည့်ပါ။
ဧ သ တာ က၊ ကျွန် မ ကို မျက် နှာ သာ ပေး၍ စိတ် တော် နှင့် တွေ့ ပါ လျှင် လည်း ကောင်း၊ အ မှု ကို လည်း၊ အ လို တော် ကျ၍ သ ဘော တော် မြတ် ပါ လျှင် လည်း ကောင်း၊ ပြည် ထောင် တ ကာ ရှိ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် ရန် အာ ဂတ် အ မျိုး ဟ မ္မေ ဒါ သ သား ဟာ မန် ကြံ စည် ခဲ့ သော အ မိန့် တော် စာ များ ကို ဖျက် ပယ် ပြီ ဟူ၍ ထပ် မံ ထုတ် ဆင့် တော် မူ ပါ။
အခန်းကိုကြည့်ပါ။
အရှင်မင်းကြီး အလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်လည်းကောင်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။
အခန်းကိုကြည့်ပါ။