ဧသတာ 5:8 - မြန်မာ့စံမီသမ္မာကျမ်း8 အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 အ ထံ တော်၌ မျက် နှာ သာ ရ၍၊ ကျွန် မ တောင်း လျှောက် မည့် အ လို ဆ န္ဒ ကို သ ဘော တော် မြတ် ပါ မူ၊ နက် ဖြန် ကျွန် မ ယင် မည့် စား သောက် ပွဲ သို့၊ ဟာ မန် နှင့် အ တူ ကြွ တော် မူ ပါ ဦး။ အ မိန့် တော် မြတ် ရင်း အ တိုင်း၊ ကျွန် မ အ သ နား တော် ခံ ပါ မည် ဟု တင် လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။