ဧသတာ 2:17 - မြန်မာ့စံမီသမ္မာကျမ်း17 ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ဘု ရင် မင်း သည် မိ ဖု ရား တ ကာ တို့ ထက် မြတ် နိုး၍၊ အ ပျို က ညာ အပေါင်း တို့ ထက် လည်း မျက် နှာ သာ ရ ပေး သ ဖြင့် မာ လိက တန် ဆာ ကို ဆင် ယင် စေ လျက် ဝါ ရှ တိ အ ရာ ၌ မိ ဖု ရား မြှောက် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible17 အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |