ဂျူးလူမျိုးတို့အဖို့ ထွန်းလင်းတောက်ပခြင်း၊ ဝမ်းမြောက်ရွှင်မြူးခြင်း၊ ဂုဏ်ကျက်သရေရှိခြင်း ဖြစ်လေ၏။
ယုဒအမျိုးသားတို့သည်စိတ်သက်သာ ရွှင်လန်းဝမ်းမြောက်လျက်အသရေမြင့် လာကြ၏။-
ယု ဒ လူ မျိုး တို့ လည်း၊ ထွန်း ကား ခြင်း၊ အား ရ ဝမ်း မြောက် ခြင်း၊ အ သ ရေ မြင့် ခြင်း များ ကို ခံ ရ ကြ၏။
ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ထိုနေ့သည် အာဒါလ၊ တစ်ဆယ့်သုံးရက်နေ့ ဖြစ်၏။ တစ်ဆယ့်လေးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။
ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
ဖြောင့်မတ်သောသူတို့ကောင်းစားသောအခါ တစ်မြို့လုံး ရွှင်လန်းကြ၏။ ဆိုးယုတ်သောသူတို့ပျက်စီးသောအခါ၌လည်း ရွှင်လန်းစွာကြွေးကြော်ကြ၏။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။