ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ဧသတာ 2:5 - မြန်မာ့စံမီသမ္မာကျမ်း ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။ Common Language Bible မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။- Garrad Bible ထို အ ခါ၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သွား ရာ ပါ၊ ယု ဒ ဘု ရင် ယေ ခေါ နိ မင်း နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ မှ သုံ့ ပန်း ခံ ရ သူ တို့ အ နက်၊ ယု ဒ လူ မျိုး၊ ဗင်္ယာ မိန့် အ နွယ်၊ ကိ ရှ မြစ်၊ ရှိ မိ မြေး၊ ယာ ဣ ရ သား၊ မော် ဒ ကဲ အ မည် ရှိ သူ တစ် ယောက် သည်၊ ရှု ရှန် နန်း မြို့ တော်၌ နေ ထိုင် လျက် ရှိ ၏။ Judson Bible ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည်ရှိသော ယုဒလူတစ်ယောက်ရှိ၏။ |
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။
ထိုကာလတွင် အာရွှေရုမင်းကြီးသည် ရှုရှန်နန်းတော် ရာဇပလ္လင်ထက်တွင် နန်းထိုင်၏။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
ရုပ်ဆင်းသွင်ပြင်ချောမောသော အပျိုကညာအားလုံးကို ရှုရှန်နန်းတော်ရှိ အပျိုတော်နန်းဆောင်သို့ ပို့စေရန် အရှင်မင်းကြီး၏တိုင်းနိုင်ငံရှိ နယ်မြေဒေသအသီးသီးတွင် ကြီးကြပ်သူများကိုခန့်ထားတော်မူပါ။ ဘုရင့်နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲလက်သို့အပ်၍ အလှပြင်စေပါ။
ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။
ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။
ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက်ရှိ၏။ သူသည် ဗင်္ယာမိန်အမျိုးသားအာဖိ၏တီ၊ ဗေခေါရတ်၏မြစ်၊ ဇေရော်၏မြေး၊ အဗျေလ၏သားဖြစ်၏။ သူသည် ဥစ္စာပစ္စည်းကြွယ်ဝသူတစ်ဦးဖြစ်၏။