ဧသတာ 2:5 - Common Language Bible5 မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible5-6 ထို အ ခါ၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သွား ရာ ပါ၊ ယု ဒ ဘု ရင် ယေ ခေါ နိ မင်း နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ မှ သုံ့ ပန်း ခံ ရ သူ တို့ အ နက်၊ ယု ဒ လူ မျိုး၊ ဗင်္ယာ မိန့် အ နွယ်၊ ကိ ရှ မြစ်၊ ရှိ မိ မြေး၊ ယာ ဣ ရ သား၊ မော် ဒ ကဲ အ မည် ရှိ သူ တစ် ယောက် သည်၊ ရှု ရှန် နန်း မြို့ တော်၌ နေ ထိုင် လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည်ရှိသော ယုဒလူတစ်ယောက်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-