ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ဧဖက် 6:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရာအားလုံးတို့အပြင် ယုံကြည်ခြင်းဒိုင်းလွှားကို ထပ်ဆင့်၍ဆောင်ယူကြလော့။ ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်၏တောက်လောင်နေသောမြားရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။ Common Language Bible ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။- Garrad Bible မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊ Judson Bible မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာအားလုံးအပြင် ယုံကြည်ခြင်းဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် မာရ်နတ်၏ မီးမြားအားလုံးကို ငြှိမ်းသတ်နိုင်၏။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
သေစေတတ်သောလက်နက်တို့ကိုလည်း ထိုသူအတွက်ပြင်ဆင်၍ မီးမြားတို့ကို ပြင်ဆင်ထားတော်မူမည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
သို့ဖြစ်၍ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ ၎င်းတို့ထက် ပိုသောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏။
ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။
ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။