အမျက်ကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ စိတ်အနှောင့်အယှက်မဖြစ်နှင့်။ ၎င်းသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။
ဧဖက် 4:26 - မြန်မာ့စံမီသမ္မာကျမ်း အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။ Common Language Bible သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။- Garrad Bible စိတ် ဆိုး သည် တွင် အ ပြစ် မ သင့် စေ နှင့်။ မာရ် နတ် ကို အ ခွင့် မ ပေး ဘဲ၊ နေ မ ဝင် မီ စိတ် ပြေ ကြ လော့။ Judson Bible အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်ဆိုးသော်လည်း အပြစ်မပြုကြနှင့်။ စိတ်ဆိုးမပြေဘဲ နေမဝင်စေနှင့်။ |
အမျက်ကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ စိတ်အနှောင့်အယှက်မဖြစ်နှင့်။ ၎င်းသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ)
အရှင်၏အမှုထမ်းအပေါင်းတို့သည် အကျွန်ုပ်ထံသို့လာ၍ အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်လျက် ‘သင်နှင့် သင်၏နောက်လိုက်နောက်ပါအပေါင်းတို့ ထွက်သွားကြပါလော့’ဟု ပြောဆိုမှ အကျွန်ုပ်ထွက်သွားမည်”ဟု ဆိုပြီးနောက် အမျက်ပြင်းစွာထွက်လျက် ဖာရောမင်းကြီးထံမှ ထွက်သွားလေ၏။
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
ပညာသတိရှိသောသူသည် မိမိ၏ဒေါသကိုချုပ်တည်းတတ်၏။ သူ၏ဂုဏ်ကျက်သရေကား သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖြေလွှတ်ခြင်းဖြစ်၏။
မြောက်လေသည် မိုးကိုဖြစ်ပေါ်စေတတ်၏။ အတင်းပြောသောလျှာသည်လည်း ဒေါသမျက်နှာထားကို ဖြစ်ပေါ်စေတတ်၏။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
သူသည် ဆင်းရဲသဖြင့် မိမိလုပ်အားခကိုမှီ၍ အသက်ဆက်ရသောကြောင့် သူ၏လုပ်အားခကို နေမဝင်မီ နေ့ချင်းပေးရမည်။ မပေးဘဲနေလျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်လိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။
ထို့ကြောင့် ယောနသန်သည် အမျက်ပြင်းစွာထွက်၍ စားပွဲမှထလေ၏။ မိမိခမည်းတော်သည် ဒါဝိဒ်ကို နှိမ်သောကြောင့် စိတ်ထိခိုက်သဖြင့် လဆန်းပွဲဒုတိယနေ့တွင် အစာကို မစားဘဲနေ၏။