ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ဧဇရ 8:36 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။ Common Language Bible လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။ Garrad Bible မြစ် ကြီး အ နောက် ဘက် ရှိ ဘု ရင် ခံ ချုပ် နှင့် ဘု ရင် ခံ တို့ ထံ၊ ဘု ရင် မင်း အ မိန့် တော် ကို တင် ကြ ရာ၊ သူ တို့ သည်၊ လူ မျိုး တော့် အ စေ နှင့် ဘု ရား သ ခင့် ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပြု စု ကြ ကုန်၏။ Judson Bible ရှင်ဘုရင်အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ |
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ထို့ပြင် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိလျှင် ယုဒပြည်သို့ပြန်သွားရာတွင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုဖြတ်သန်းခွင့်ပြုရန် ထိုဒေသ၏ဘုရင်ခံတို့ထံ အမိန့်စာကို ပါးလိုက်တော်မူပါ။
ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။
နယ်မြေဒေသအသီးသီးရှိ အကြီးအကဲများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် ဘုရင့်အမှုထမ်းအပေါင်းတို့သည် မော်ဒကဲကိုကြောက်ရွံ့ကြသဖြင့် ဂျူးလူမျိုးတို့ကို ကူညီကြ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။