ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
ဧဇရ 7:26 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ပညတ်တရား၊ ရှင်ဘုရင်ထုတ်ပြန်သောဥပဒေတို့ကို မလိုက်နာသောသူ မည်သူမဆို သေဒဏ်၊ ပြည်နှင်ဒဏ်၊ အိမ်ရာမြေသိမ်းယူခြင်းဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်တစ်ခုခုကို ချက်ချင်းကျခံစေ”ဟု ပါရှိ၏။ Common Language Bible အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။ Garrad Bible သင့် ဘု ရား သ ခင့် တ ရား တော်၊ ငါ့ ဘု ရင့် အ မိန့် တော် များ ကို၊ မ လိုက် မ နာ သူ မည် သူ မ ဆို၊ သေ ဒဏ်၊ နှင် ထုတ် ခြင်း ဒဏ်၊ သက် ရှိ သက် မဲ့ သိမ်း ယူ ခြင်း ဒဏ်၊ ထောင် ဒဏ် တစ် ရပ် ရပ် ကို၊ မု ချ ခံ စေ ဟူ၍ ထုတ် ဆင့် သ တည်း။ Judson Bible သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။ |
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
တစ်စုံတစ်ယောက်သည် ဤအမိန့်ကိုဆန့်ကျင်လျှင် သူ့အိမ်မှတိုင်ကို ဆွဲနုတ်ပြီး ထိုတိုင်ပေါ်တွင် သူ့ကိုဆွဲထားစေ။ သူ့အိမ်သည်လည်း မစင်ပုံဖြစ်စေ။
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ)
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။