Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဇ​ရ 7:26 - Common Language Bible

26 အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သင့် ဘု ရား သ ခင့် တ ရား တော်၊ ငါ့ ဘု ရင့် အ မိန့် တော် များ ကို၊ မ လိုက် မ နာ သူ မည် သူ မ ဆို၊ သေ ဒဏ်၊ နှင် ထုတ် ခြင်း ဒဏ်၊ သက် ရှိ သက် မဲ့ သိမ်း ယူ ခြင်း ဒဏ်၊ ထောင် ဒဏ် တစ် ရပ် ရပ် ကို၊ မု ချ ခံ စေ ဟူ၍ ထုတ် ဆင့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 သင်၏​ဘု​ရား​သ​ခင့်​တ​ရား​နှင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို ငြင်း​ဆန်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း၊ နှင်​ထုတ်​ခြင်း၊ ဥ​စ္စာ​သိမ်း​ယူ​ခြင်း၊ ထောင်​ထဲ​မှာ လှောင်​ထား​ခြင်း​တည်း​ဟူ​သော ရာ​ဇ​ဝတ်​တစ်​စုံ​တစ်​ခု​ကို အ​လျင်​အ​မြန်​ခံ​စေ​ဟု အ​မိန့်​တော်​စာ၌​ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ဘုရားသခင်​၏​ပညတ်တရား​၊ ရှင်ဘုရင်​ထုတ်ပြန်​သော​ဥပဒေ​တို့​ကို မ​လိုက်နာ​သော​သူ မည်သူမဆို သေဒဏ်​၊ ပြည်နှင်ဒဏ်​၊ အိမ်ရာ​မြေ​သိမ်းယူ​ခြင်း​ဒဏ်​၊ ထောင်ဒဏ် စသည့်​ပြစ်ဒဏ်​တစ်ခုခု​ကို ချက်ချင်း​ကျ​ခံ​စေ​”​ဟု ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 7:26
12 ပူးပေါင်းရင်းမြစ်များ  

ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။-


ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။


သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။ သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။


ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။


ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။


`` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။


ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ