Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 30:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထာဝရဘုရား​မိန့်မှာချက်​အရ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကား​ကို​လိုက်နာ​ရန် ယုဒ​ပြည်သား​တို့​အား တစ်စိတ်တစ်သဘောတည်း​ရှိ​ခြင်း​ကို ဘုရားသခင်​ပေးသနား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ခံ ဘု ရင် မင်း နှင့် မှူး မတ် တို့ အ မိန့် အ တိုင်း၊ တစ် ညီ တစ် ညွတ် တည်း လိုက် နာ ကြ စိမ့် သော ငှာ၊ ယု ဒ လူ မျိုး အ ပေါ် တွင် ဘု ရား သ ခင့် လက် ရုံး တော် တည် သည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 30:12
19 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကိုချင်း​တို့​ကို​စုဝေး​စေ​ပြီး မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​စေ​ကြ​၏​။ ထို့နောက် ထာဝရဘုရား​မိန့်မှာ​ထား​သည်​နှင့်အညီ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း သူ​တို့​သည် သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ကို​သန့်ရှင်း​အောင်​ပြု​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​နှင့်တကွ မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဂဒ်​နှင့် ပရောဖက်​နာသန်​တို့ ညွှန်ကြား​ထား​နှင့်​သည့်​အတိုင်း ဟေဇကိ​မင်းကြီး​သည် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက် တီးမှုတ်​တတ်​သော​လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် နေရာချ​ထား​၏​။ ထိုသို့ ထာဝရဘုရား​သည် ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ထား​တော်မူ​၏​။


ဘုရားသခင်​သည် လူ​တို့​အဖို့ ပြု​ပေး​တော်မူ​သဖြင့် အချိန်​အနည်းငယ်​အတွင်း ထို​အမှု​များ​ဖြစ်မြောက်​လာ​သောကြောင့် ဟေဇကိ​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့ အလွန်​ပျော်ရွှင်ဝမ်းမြောက်​ကြ​၏​။


ဘဏ္ဍာတိုက်​မှစ၍ မည်သည့်​ကိစ္စရပ်​မဆို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ဘုရင့်​အမိန့်​တော်​ကို တသဝေမတိမ်း​လိုက်နာ​ကြ​ရ​၏​။


ဧဇရ​က “ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​အား ခန့်ညား​ထည်ဝါ​အောင် ပြု​ပေး​လို​သော​စိတ်​ကို ရှင်ဘုရင်​၌ ရှိ​စေ​တော်မူ​သော အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။


သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။


ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သိကျွမ်း​သော​စိတ်နှလုံး​ကို သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ အကြောင်းမူကား သူ​တို့​သည် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့​ပြန်လာ​ကြ​မည်’​ဟု မိန့်​တော်မူ​၏​။


ငါ့​ကို အစဉ်​ကြောက်ရွံ့ရိုသေ​ခြင်း​အားဖြင့် သူ​တို့​နှင့် နောင်လာမည့်​သူ​တို့​၏​သားသမီး​များ ကောင်းစား​ဖို့ တစ်ခုတည်း​သော​စိတ်သဘော​၊ တစ်ခုတည်း​သော​နည်းလမ်း​ကို သူ​တို့​အား ငါ​ပေး​မည်​။


သင်​တို့​အား စိတ်နှလုံး​သစ်​ကို​ပေး​မည်​။ သင်​တို့​အထဲ​သို့ စိတ်သဘော​သစ်​ကို သွင်းပေး​မည်​။ သင်​တို့​ကိုယ်ခန္ဓာ​ထဲမှ မာကျော​သော​ကျောက်​နှလုံးသား​ကို ဖယ်ရှား​၍ အသား​နှလုံးသား​ကို​ပေး​မည်​။


သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။


ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။


သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။


အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


အကြောင်းမူကား ငါ​တို့​သည် သခင်​ယေရှု​အားဖြင့် သင်​တို့​အား မည်သည့်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ