ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ဧဇရ 7:25 - မြန်မာ့စံမီသမ္မာကျမ်း သင်ဧဇရသည်လည်း သင်ခံယူရရှိသောဘုရားသခင်၏ဉာဏ်ပညာတော်နှင့်အညီ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရားသခင်၏ပညတ်တရားကို သိနားလည်သူအပေါင်းတို့အား စီရင်အုပ်ချုပ်ရန် အုပ်ချုပ်သူများနှင့် တရားသူကြီးများကိုခန့်အပ်ရမည်။ ပညတ်တရားမသိသောသူတို့ကိုလည်း သွန်သင်ပေးရမည်။ Common Language Bible ``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။- Garrad Bible သင် ဧ ဇ ရ က လည်း၊ မြစ် ကြီး အ နောက် ဘက် ရှိ၊ သင့် ဘု ရား သ ခင် တ ရား တော် ကို နား လည် သူ၊ သင့် လူ မျိုး တို့ အ ပေါ် တွင် စီ ရင် ဆုံး ဖြတ် စေ ရန်၊ တ ရား သူ ကြီး တ ရား ခုံ တို့ ကို သင့် လက် ဝယ် ရှိ သော ဘု ရား သ ခင့် ပ ည တ္တိ ကျမ်း အ တိုင်း ခန့် ထား လော့။ နား မ လည် သူ တို့ ကို လည်း သင် ကြား ကြ လော့။ Judson Bible သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင့်တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာလည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။ |
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
အဆီးရီးယားဘုရင်က “ထိုပြည်မှ သင်တို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါးကိုလွှတ်၍ ထိုပြည်သို့ပြန်လာနေထိုင်စေပြီး ထိုပြည်စောင့်ဘုရား၏ဓလေ့ထုံးတမ်းကို သူတို့အား သွန်သင်ပြသစေလော့”ဟု မိန့်ဆို၏။
အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။
ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။
ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။
သင်လက်စွဲထားသော သင့်ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို စစ်ဆေးရန် ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်ခုနစ်ဦးတို့သည် သင့်ကို စေလွှတ်၏။
သူတို့သည် ကိုယ်ရှိရာနေရာ၌ ရပ်လျက် နေ့တစ်နေ့၏လေးပုံတစ်ပုံတွင် ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားကျမ်းကို ဖတ်ပြီး နောက်လေးပုံတစ်ပုံတွင် အပြစ်များကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ကြ၏။
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။
အကြောင်းမူကား ပညတ်ချက်သည် မီးခွက်ဖြစ်၍ သွန်သင်ချက်သည် အလင်းဖြစ်၏။ ဆုံးမပဲ့ပြင်ပေးသောဆိုဆုံးမစကားတို့သည်လည်း အသက်လမ်းဖြစ်၍
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။