Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 6:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ကြောင့် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​မှစ၍ မြစ်​အနောက်ဘက်ကမ်း​ရှိ သူ​တို့​၏​အပေါင်းပါ အဖာသ​ပြည်သား​တို့​၊ ထို​အမှု​နှင့် ကင်းကင်းရှင်းရှင်း​နေ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို့ ကြောင့်၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ ချုပ် တာ တ နဲ၊ ရှေ သာ ဗော ဇ နဲ တို့ မှ စ၍၊ ဘက် ပါ အ နောက် ဘက် သား အ ဖာ သ သက် လူ မျိုး တို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သို့​ဖြစ်၍၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သင်​တို့​အ​ပေါင်း​အ​ဖော်​တည်း​ဟူ​သော မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့၊ ထွက်​သွား​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 6:6
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထို​သူ​က “​သင်​၏​အမည်​ကို ယာကုပ် ဟု​မ​ခေါ်​တော့​ဘဲ အစ္စရေး​ဟု​ခေါ်​ရ​မည်​။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်​လည်းကောင်း​၊ လူ​နှင့်​လည်းကောင်း ပြိုင်​၍​နိုင်​လေ​ပြီ​”​ဟု ဆို​၏​။


အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင်​တို့​ကို သနားစုံမက်​တော်မူ​၍ ထို​သူ​သည် သင်​တို့​၏​ညီအစ်ကို​ရှိမောင်​နှင့်​ဗင်္ယာမိန်​ကို သင်​တို့​နှင့်အတူ​ပြန်လွှတ်​ပေး​ပါစေသော​။ ငါ​သည် သား​များ​ကို​ဆုံးရှုံး​လျှင်​လည်း ဆုံးရှုံး​ရ​ပါ​တော့​မည်​”​ဟု ဆို​လေ​၏​။


ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​နှင့် ကျန်​အပေါင်းပါ​များ​၊ တရားသူကြီး​များ​၊ အုပ်ချုပ်သူ​များ​၊ အရာရှိ​များ​၊ အဖာရ​ပြည်သား​၊ အာခေဝ​ပြည်သား​၊ ဘေဘီလုံ​ပြည်သား​၊ ဧလံ​လူမျိုး ရှုရှနက်​ပြည်သား​အပါအဝင်


ထိုစဉ်က ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​အုပ်ချုပ်ရသူ ဘုရင်ခံ​တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည် လာ​၍ “​မည်သူ​၏​အမိန့်​ဖြင့် ဤ​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီး ဤ​မြို့ရိုး​ကို လက်စသတ်​ရ​သနည်း”​ဟု မေးမြန်း​ကြ​၏​။


ဤ​စာ​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို အုပ်ချုပ်ရသူ ဘုရင်ခံ​တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် ယူဖရေးတီး​မြစ်​အနောက်​ဘက်​ကမ်း​ရှိ သူ​တို့​၏​အပေါင်းပါ အဖာသ​ပြည်သား​တို့​က ဒါရိ​မင်းကြီး​ထံ ပို့လိုက်​သော​စာ​၏​မိတ္တူ ဖြစ်​၏​။


ထိုအခါ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည်​လည်း ဒါရိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​လေ​၏​။


ဤ​ဘုရားသခင်​၏​အိမ်​တော် တည်ဆောက်​ခြင်း​အမှု​ကို မ​နှောင့်ယှက်​ကြ​နှင့်​။ ဂျူး​ဘုရင်ခံ​နှင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မူလ​နေရာ​၌ ပြန်လည်​တည်ဆောက်​ကြ​စေ​။


အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။


အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။


ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​လက်​တော်​၌​ရှိ​၍ ရေစီး​သော​ချောင်း​များ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​သည် ၎င်း​ကို အလို​တော်​ရှိ​သည့် နေရာတိုင်း​သို့ လှည့်​စေ​တော်မူ​၏​။


မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။


ကိုယ်တော်​သည် ပြည်နှင်ဒဏ်ပေး​ခြင်း​ဖြင့် အတိုင်းအတာ​တစ်ခု​အထိ ဒဏ်ခတ်​တော်မူ​၏​။ အရှေ့​လေ​လာ​သော​နေ့ရက်​၌ ပြင်းထန်​သော​လေ​ဖြင့် သူ့​ကို​တိုက်ထုတ်​တော်မူ​၏​။


သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ