လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဧဇရ 3:5 - မြန်မာ့စံမီသမ္မာကျမ်း ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။ Common Language Bible ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။- Garrad Bible လ ဆန်း နေ့ မှ စ၍၊ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား သော ပြု မြဲ ပွဲ နေ့ များ ဆိုင် ရာ သ က္ကာ၊ စေ တ နာ အ လျောက် ထာ ဝ ရ ဘု ရား ထံ၊ လှူ ဒါန်း သူ ရှိ သ မျှ တို့၏ သ က္ကာ များ ကို ဆက် ကပ် ကြ ၏။ Judson Bible ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့၌လည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့၌လည်းကောင်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သကာကို ဆောင်ခဲ့သောသူ အသီးအသီးအဖို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။ |
လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။
နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။
အပြစ်အနာအဆာကင်းသော နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသောနွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
ဤသည်ကား သင်တို့၏ကတိသစ္စာအလျောက်၊ သင်တို့၏စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ သွန်းလောင်းရာပူဇော်သက္ကာများနှင့် မိတ်သဟာယယဇ်များအပြင် သတ်မှတ်ထားသောပွဲတော်၌ ထာဝရဘုရားအဖို့ ပူဇော်ရသော ပူဇော်သက္ကာများဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍