Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 28:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော် သကာ​အ​ဖြစ် အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့​ပူ​ဇော် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မီး ပူ ဇော် ရာ၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ကြန် အင် စုံ သော နွား ပေါက် နှစ် ကောင်၊ သိုး ထီး တစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ခု နစ် ကောင် ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ယဇ်​တည်း​ဟူ​သော အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 28:19
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မောရှေ​ကျမ်း​တွင်​ရေးသား​ထား​သည့်​အတိုင်း ထာဝရဘုရား​ထံ​ယဇ်ပူဇော်​ရန် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အုပ်စု​ခွဲထား​သော​ပြည်သူပြည်သား​တို့​အား မီးရှို့ရာယဇ်​ကို ခွဲဝေ​ပေး​ကြ​၏​။ နွား​များ​ကို​လည်း ထိုနည်းတူ​ပြု​ကြ​၏​။


သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


အနာအဆာ​ပါ​သော​မည်သည့်​အကောင်​ကို​မျှ မ​ပူဇော်​ရ​။ ပူဇော်​လျှင် သင်​တို့​အား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။


နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို ပူဇော်​ရ​မည်​။


ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​အပြင် အပြစ်အနာအဆာကင်း​သော​ယဇ်ကောင်​များ​နှင့် ထို​ယဇ်ကောင်​များ​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ပူဇော်​ရ​မည်​။


အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။


နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သိုး​၊ နွား တို့​ကို ပသခါယဇ်​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ