ယေရမိ 33:18 - မြန်မာ့စံမီသမ္မာကျမ်း18 နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ရှေ့ တော် တွင် မီး ရှို့ ရာ သ က္ကာ ဆက် ကပ် ခြင်း၊ ဘော ဇဉ် သ က္ကာ ပူ ဇော် ခြင်း၊ မိတ် သ ဟာ ယ သ က္ကာ စီ ရင် ခြင်း များ ကို အ စဉ် ပြု ရ သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် မျိုး လည်း မ ပြတ် ရ ဟု မိန့် ဆို သည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible18 ငါ့ရှေ့မှာ မီးရှို့ရာယဇ်ကို ပူဇော်လျက်၊ ဘောဇဉ်ပူဇော်သကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။