ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ဧဇရ 2:1 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။ Common Language Bible ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။- Garrad Bible ဗာ ဗု လုန် မြို့ သို့၊ လည်း ကောင်း ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သူ၊ ဇေ ရု ဗ ဗေ လ၊ ယော ရှု၊ နေ ဟ မိ၊ စ ရာ ယ၊ ရေ လာ ယ၊ မော် ဒ ကဲ၊ ဗိ လ ရှန်၊ မိ ဇ ပါ၊ ဗိ ဂ ဝဲ၊ ရေ ဟုံ၊ ဗာ နာ တို့ နှင့် တ ကွ၊ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ မှ စ၍ ဇာ တိ မြို့ ရွာ သို့ ပြန် သွား ခွင့် ရ သော၊ ဣ သ ရေ လ အ မျိုး၊ ယု ဒ ပြည် သား သုံ့ ဘမ်း ရာ ပါ သူ တို့ စာ ရင်း ကား၊ Judson Bible ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ |
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။
ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
စုစုပေါင်းရွှေငွေအသုံးအဆောင် ငါးထောင်လေးရာ ရှိ၏။ ဘေဘီလုံမြို့မှ ဂျေရုဆလင်မြို့သို့ သုံ့ပန်းတို့ ပြန်လာကြသောအခါ ရှေရှဗာဇာသည် ထိုအသုံးအဆောင်ရှိသမျှကိုပါ ယူဆောင်လာခဲ့၏။
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ထိုသို့ ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးများ၊ လူအချို့နှင့် သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးတို့သည် ကိုယ့်မြို့တို့၌ ပြန်လည်နေထိုင်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ကိုယ့်မြို့ကိုယ့်ရွာတို့၌ ပြန်လည်နေထိုင်ကြသတည်း။
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
ရှာလသေလ၏သား ဇေရုဗဗေလ၊ ယေရွှာတို့နှင့်အတူပြန်လိုက်လာသော ယဇ်ပုရောဟိတ်များနှင့်လေဝိအမျိုးများမှာ စရာယ၊ ယေရမိ၊ ဧဇရ၊
အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။
မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။
နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။
လူတိုင်း စပျစ်ဝိုင်ကို စိတ်တိုင်းကျသောက်ခွင့်ပြုရန် နန်းတော်အရာရှိအပေါင်းတို့အား မှာကြားထားသည်ဖြစ်၍ ထိုအမိန့်တော်အတိုင်း လွတ်လွတ်လပ်လပ် သောက်ရကြ၏။
သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။
ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။
အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယုဒအမျိုးသည် အနှိပ်စက်ခံရပြီ။ ကြမ်းကြမ်းတမ်းတမ်းကျွန်ပြုခံရပြီ။ ဖမ်းခေါ်သွားခြင်းခံရပြီ။ လူမျိုးခြားတို့တွင် နေထိုင်ရပြီ။ နားခိုရာကိုမတွေ့။ သူ့ကိုလိုက်သောသူအပေါင်းတို့သည် လမ်းဆုံး၌ သူ့ကိုမီကြလေပြီ။
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
အို ဇိအုန်သမီးပျို၊ သင်ခံရသောအပြစ်ဒဏ်ပြီးဆုံးလေပြီ။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်မဟုတ်။ အို ဧဒုံသမီးပျို၊ သင်မူကား ဒဏ်ခတ်ခံရလိမ့်မည်။ သင်၏အပြစ်များကို ဖော်ထုတ်တော်မူမည်။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်