ဧဇရ 2:1 - Common Language Bible1 ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ဗာ ဗု လုန် မြို့ သို့၊ လည်း ကောင်း ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သူ၊ ဇေ ရု ဗ ဗေ လ၊ ယော ရှု၊ နေ ဟ မိ၊ စ ရာ ယ၊ ရေ လာ ယ၊ မော် ဒ ကဲ၊ ဗိ လ ရှန်၊ မိ ဇ ပါ၊ ဗိ ဂ ဝဲ၊ ရေ ဟုံ၊ ဗာ နာ တို့ နှင့် တ ကွ၊ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ မှ စ၍ ဇာ တိ မြို့ ရွာ သို့ ပြန် သွား ခွင့် ရ သော၊ ဣ သ ရေ လ အ မျိုး၊ ယု ဒ ပြည် သား သုံ့ ဘမ်း ရာ ပါ သူ တို့ စာ ရင်း ကား၊ အခန်းကိုကြည့်ပါ။Judson Bible1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။
``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။ စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
အသက်မသေဘဲကျန်ရှိသူယုဒပြည် သားတို့သည်သင်တို့ပြည်ကိုသိမ်းယူကြ လိမ့်မည်။ သူတို့သည်ထိုအရပ်တွင်သိုးအုပ် များကိုထိန်းကျောင်းကာအာရှကေလုန် မြို့ရှိနေအိမ်များတွင်အိပ်ကြလိမ့်မည်။ သူ တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၍သူတို့အား တစ်ဖန်ပြန်ကောင်းစားစေတော်မူလိမ့်မည်။