Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 4:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အို ဇိအုန်​သမီးပျို​၊ သင်​ခံရ​သော​အပြစ်ဒဏ်​ပြီးဆုံး​လေ​ပြီ​။ သင်​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ အို ဧဒုံ​သမီးပျို​၊ သင်​မူကား ဒဏ်ခတ်​ခံရ​လိမ့်မည်​။ သင်​၏​အပြစ်​များ​ကို ဖော်ထုတ်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။ ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အို သ တို့ သ မီး ဇိ အုန်၊ သင် ခံ ရ သော စီ ရင် ဒဏ် အ ပြီး သတ် လေ ပြီ။ နောက် တစ် ဖန် သုံ့ ပန်း သိမ်း သွား တော် မူ မည် မ ဟုတ်။ အို သ တို့ သ မီး ဧ ဒုံ၊ သင့် အ ပြစ် ကို ဖော် ပြ လျက်၊ ဒု စ ရိုက် ကို စီ ရင် တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 4:22
17 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​၏​နေ့ရက်​၌ “​ဖြိုဖျက်​ကြ​။ အောက်ခြေ​အထိ ဖြိုဖျက်​ကြ​”​ဟု ဆို​ကြ​သော ဧဒုံ​အမျိုးသား​တို့​ကို အောက်မေ့​တော်မူ​ပါ​။


“​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။


အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။


သင်​၏​ပြည်​၌ ရက်စက်ကြမ်းကြုတ်မှု​အကြောင်း​၊ သင်​၏​နယ်နိမိတ်​အတွင်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​အကြောင်း ကြား​ရ​တော့​မည်​မ​ဟုတ်​။ သင်​၏​မြို့ရိုး​တို့​ကို “​ကယ်တင်​ခြင်း​”​၊ သင်​၏​မြို့​တံခါး​တို့​ကို “​ချီးမွမ်း​ခြင်း​”​ဟူ၍ သင်​ခေါ်ဆို​လိမ့်မည်​။


သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​ကို ပြန်လာ​စေ​မည်​။ ယခင်က​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။


ငါ့​ကို​ပြစ်မှား​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​နှင့် သူ​တို့​ကို​ကင်းစင်​စေ​မည်​။ ငါ့​ကို​ပြစ်မှား​ခြင်း​၊ ငါ့​ကို​ပုန်ကန်​ခြင်း​အပြစ်​ရှိသမျှ​တို့​ကို ငါ​ခွင့်လွှတ်​မည်​။


သို့သော် ငါ​သည် ဧသော​ကို ပြောင်တလင်းခါ​စေ​မည်​။ သူ​သည် ပုန်းရှောင်​၍​မ​ရ​အောင် သူ​၏​ပုန်းခို​ရာ​ကို ငါ​ဖော်ပြ​မည်​။ သူ​၏​သားမြေး​၊ ညီအစ်ကို​၊ အိမ်နီးချင်း​တို့​ပျက်စီး​လိမ့်မည်​။ သူ​လည်း ရှိ​တော့​မည်​မ​ဟုတ်​။


ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ဥဇ​ပြည်​၌​နေထိုင်​သော ဧဒုံ​သမီးပျို​၊ ရွှင်မြူး​ထား​နှင့်​လော့​။ ဝမ်းမြောက်​ထား​နှင့်​လော့​။ ဖလား​တော်​သည် သင့်​ထံ​ကူးလာ​မည်​ဖြစ်၍ သင်​သည်​သောက်​၍ ယစ်မူး​သဖြင့် အဝတ်​အချည်းစည်း​ဖြစ်​ရ​လိမ့်မည်​။


မည်သူမျှ​မ​တိုက်ခိုက်​ဘဲ တစ်ခဏအတွင်း ပြိုလဲ​သွား​သော သောဒုံ​မြို့​ခံရ​သော​အပြစ်ဒဏ်​ထက် ငါ့​လူမျိုး​သမီးပျို ခံရ​သော​အပြစ်ဒဏ်​သည် ကြီးလေး​ပါ​သည်​တကား​။


ဤသို့ ငါ​၏​သန့်ရှင်းရာဌာန​သည် သူ​တို့​၌ အစဉ်​တည်ရှိ​သောအခါ ငါ​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့ သိ​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


ရပ်ဝေး​ရှိ​လူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​မည်​။ ရပ်နီး​ရှိ​လူ​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​မည်​။ ထို​ဘေး​တို့​မှ​လွတ်​၍ ကျန်​သော​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ရ​မည်​။ သို့မှ ငါ့​အမျက်ငြိမ်း​မည်​။


သင့်​ညီ​ယာကုပ်​ကို ရက်စက်​ခဲ့​သော​အမှု​ကြောင့် သင်​သည် အရှက်​ကို ခြုံ​ရ​လိမ့်မည်​။ ထာဝရ​တိမ်မြုပ်​သွား​ရ​လိမ့်မည်​။


ဧသော​ကို​ကား ငါ​မုန်း​၏​။ ငါ​သည် သူ့​နေရာ​တောင်​တို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၍ သူ့​အမွေမြေ​ကို​လည်း တောကန္တာရ​ခွေးအ​တို့​၌ အပ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ဧဒုံ​ပြည်သား​တို့​က​လည်း “​ငါ​တို့ ဖျက်ဆီး​ခံရ​လျှင် ငါ​တို့​ပြန်လာ​၍ အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​မည်​”​ဟု ဆို​ကြ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က​လည်း “​သူ​တို့ ပြန်လည်​တည်ဆောက်​လျှင် ငါ​ဖြိုဖျက်​မည်​။ သူ​တို့​ပြည်​သည် ဆိုးယုတ်​သော​ပြည်​၊ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​သင့်​ခြင်း​ကို ခံရ​သော​လူမျိုး​ဟု အစဉ်​အခေါ်​ခံရ​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ