ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ဧဇရ 1:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊ Common Language Bible အောက်ပါအတိုင်းစာရင်းပြုလုပ်ပေးအပ်လေသည်။ ပူဇော်သကာများထည့်ရန်ရွှေဖလား ၃၀ ပူဇော်သကာများထည့်ရန်ငွေဖလား ၁၀၀၀ အခြားဖလား ၂၉ ရွှေဖလားအငယ် ၃၀ ငွေဖလားအငယ် ၄၁၀ အခြားအသုံးအဆောင်များ ၁၀၀၀ Garrad Bible အ ရေ အ တွက် ကား၊ ရွှေ အင် တုံ သုံး ဆယ်၊ ငွေ အင် တုံ တစ် ထောင်၊ ဓား နှစ် ဆယ့် ကိုး စင်း၊ Judson Bible ဗိမာန်တော်တန်ဆာစာရင်း ဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတစ်ထောင်၊ ဓားနှစ်ဆယ်ကိုးစင်း၊ |
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ကိုယ်ရံတော်မှူးသည် ရွှေစင်၊ ငွေစင်ဖြင့်လုပ်ထားသော မီးကျီးခံဗန်းများ၊ ဇလုံများကိုလည်း သိမ်းယူသွားလေ၏။
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
ရွှေဖလား အလုံးသုံးဆယ်၊ ငွေဖလားအမျိုးမျိုး အလုံးလေးရာ့တစ်ဆယ်၊ အခြားအသုံးအဆောင် အမျိုးတစ်ထောင်အပါအဝင်
သူတို့လက်ထဲသို့ ငွေတာလန်ခြောက်ရာငါးဆယ်၊ ငွေအသုံးအဆောင်တာလန်တစ်ရာ၊ ရွှေတာလန်တစ်ရာ၊
ရွှေဒင်္ဂါးတစ်ထောင်အဖိုးထိုက်သော ရွှေဖလားအခုနှစ်ဆယ်၊ ရွှေနှင့်အမျှအဖိုးတန်သော သန့်စင်ပြီးကြေးနီအသုံးအဆောင်နှစ်ခုတို့ကို ပေးလိုက်၏။
ဤသို့ဖြင့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်သို့ ယူဆောင်သွားရန် ချိန်တွယ်ထားသော ရွှေငွေများ၊ အသုံးအဆောင်များကို လက်ခံယူထားကြ၏။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။