၂ ရာချုပ် 24:14 - မြန်မာ့စံမီသမ္မာကျမ်း14 အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခါ၊ ကျန် ငွေ ကို ဘု ရင် မင်း နှင့် ယော ယ ဒ တို့ ထံ ဆက် သွင်း ရာ၊ ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပူ ဇော် ရန် ကိ ရိ ယာ တန် ဆာ၊ ခွက်၊ ရွှေ ငွေ အ သုံး အ ဆောင် တော် များ ကို လုပ် စေ ပြီး လျှင်၊ ယော ယ ဒ အ သက် ကာ လ ပတ် လုံး၊ ဗိ မာန် တော် တွင် မီး ရှို့ ရာ သ က္ကာ များ ကို နေ့ စဉ် ပူ ဇော် လေ့ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန်တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒလက်ထက် ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။