ဧဇရ 1:9 - Common Language Bible9-10 အောက်ပါအတိုင်းစာရင်းပြုလုပ်ပေးအပ်လေသည်။ ပူဇော်သကာများထည့်ရန်ရွှေဖလား ၃၀ ပူဇော်သကာများထည့်ရန်ငွေဖလား ၁၀၀၀ အခြားဖလား ၂၉ ရွှေဖလားအငယ် ၃၀ ငွေဖလားအငယ် ၄၁၀ အခြားအသုံးအဆောင်များ ၁၀၀၀ အခန်းကိုကြည့်ပါ။Garrad Bible9 အ ရေ အ တွက် ကား၊ ရွှေ အင် တုံ သုံး ဆယ်၊ ငွေ အင် တုံ တစ် ထောင်၊ ဓား နှစ် ဆယ့် ကိုး စင်း၊ အခန်းကိုကြည့်ပါ။Judson Bible9 ဗိမာန်တော်တန်ဆာစာရင်း ဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတစ်ထောင်၊ ဓားနှစ်ဆယ်ကိုးစင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊ အခန်းကိုကြည့်ပါ။ |
သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။