သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
အာမုတ် 9:10 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါတို့ထံ ဘေးအန္တရာယ် ရောက်လာမည်မဟုတ်။ ငါတို့သည် ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟု ဆိုသော ငါ့လူမျိုးတော်အပြစ်သားအားလုံးတို့သည် ဓားဖြင့် သေကြရလိမ့်မည်။ Common Language Bible ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။'' Garrad Bible ဘေး ဆိုး သည်၊ ငါ တို့ ကို ကြို တင် ခြင်း၊ လိုက် မှီ ခြင်း မ ပြု နိုင် ဟု၊ လူ မျိုး တော် အ နက် ဝါ ကြွား သော အ ပြစ် သား အ ပေါင်း တို့ ကား၊ ဓား ဖြင့် သေ ဒဏ် ခံ ရ ကြ လ တ္တံ့။ Judson Bible ဘေးဥပဒ်သည် ငါတို့ကို မမီနိုင်၊ မဆီးတားနိုင်ဟုဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ဓားဖြင့် သေရကြလိမ့်မည်။ |
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
သူတို့က “ငါတို့တွေ့ဖို့ ကိုယ်တော်သည် မိမိအမှုကို အလျင်အမြန်ပြုပါစေ။ အလျင်အမြန်ပြုပါစေ။ ငါတို့သိဖို့ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏အကြံဉာဏ်သည် နီးလာပါစေ။ ရောက်လာပါစေ”ဟု ဆိုတတ်ကြ၏။
“လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မည်။ သေရည်သေရက်ကို အဝသောက်ကြစို့။ မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။ ထိုထက် ကောင်းလျှင်လည်း ကောင်းဦးမည်”ဟု ဆိုတတ်ကြ၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ထိုပရောဖက်တို့က ငါ့ကို မထီလေးစားပြုသူတို့အား ‘ထာဝရဘုရားက သင်တို့၌ ငြိမ်သက်ခြင်းရှိမည်ဟူ၍ မိန့်တော်မူသည်’ဟု အထပ်ထပ်ဟောတတ်ကြ၏။ စိတ်သဘောမာကျောသောသူအားလုံးအား ‘သင်တို့ ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟူ၍ ဟောတတ်ကြသည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ အပြစ်ပြုသောတိုင်းနိုင်ငံကို ဘုရားရှင်ထာဝရဘုရား စောင့်ကြည့်တော်မူ၏။ ထိုတိုင်းနိုင်ငံကို မြေပြင်ပေါ်မှ အဆုံးသတ်ဖျက်ဆီးပစ်မည်ဖြစ်သော်လည်း ယာကုပ်အမျိုးအနွယ်ကို အကုန်အစင်ဖျက်ဆီးမည်မဟုတ်”ဟု မိန့်တော်မူ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။