Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 6:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဒု က္ခ ရောက် သော နေ့ ရက် ကို ပယ် ၍၊ အ ဓ မ္မ ပ လ္လင် ကို ချဉ်း စေ ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဆိုး​ယုတ်​သော နေ့​ရက်​ကို ရွှေ့၍၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ရာ​ပ​လ္လင်​ကို အ​နီး​မှာ​တည်​စေ​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 6:3
19 ပူးပေါင်းရင်းမြစ်များ  

ပြဋ္ဌာန်းချက်​အားဖြင့် အခက်အခဲ​ပြဿနာ​ကို ဖြစ်ပေါ်​စေ​သော ယုတ်မာစဉ်းလဲ​သည့်​ရာဇပလ္လင်​သည် ကိုယ်တော်​နှင့်​မိတ်ဖွဲ့​နိုင်​ပါ​မည်လော​။


မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။


သင်​က “​ငါ​သည် သခင်မ ထာဝစဉ်​ဖြစ်​နေ​မည်​”​ဟု ဆို​လျက် ဤ​အရာ​တို့​ကို​နှလုံး​မ​သွင်း​၊ အဆုံး​ကို​လည်း မ​အောက်မေ့​။


“​လာ​ကြ​။ စပျစ်ဝိုင်​ကို ငါ​ယူ​ခဲ့​မည်​။ သေရည်သေရက်​ကို အဝသောက်​ကြ​စို့​။ မနက်ဖြန်​သည်​လည်း ယနေ့​ကဲ့သို့ပင်​ဖြစ်​လိမ့်မည်​။ ထိုထက် ကောင်း​လျှင်​လည်း ကောင်း​ဦး​မည်​”​ဟု ဆို​တတ်​ကြ​၏​။


စားကောင်းသောက်ဖွယ်​များ စား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း လမ်း​များ​ပေါ်မှာ ငတ်မွတ်သေကျေ​ကြ​ရ​လေ​ပြီ​။ ကြက်သွေးရောင်​အိပ်ရာ​ပေါ်မှာ စံစား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း နောက်ချေးပုံ​ပေါ်၌ အိပ်​ရ​လေ​ပြီ​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။


“​အချင်း​လူသား​၊ ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​က ‘​သူ​မြင်​ရ​သော​ဗျာဒိတ်နိမိတ် ပြည့်စုံ​မည့်​အချိန် ဝေး​သေး​၏​။ အလွန်​ဝေး​သော​အနာဂတ်​အကြောင်း​ကို သူ​ဟောပြော​၏​’​ဟု ဆို​တတ်​ကြ​၏​။


ထို​နေရာ​တွင် ပျော်ပါး​နေ​သော​လူအုပ်​ကြီး ဆူညံ​နေ​၏​။ တောကန္တာရ​မှ သေသောက်ကြူး​သော သာမန်​ယောက်ျား​သား​တို့​သည် သူ​တို့​လက်​တွင် လက်ကောက်​များ​၊ သူ​တို့​ခေါင်း​တွင် တင့်တယ်​သော​သရဖူ​များ​ကို ဆင်ယင်​ပေး​ကြ​လေ​ပြီ​။


စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။


သင်​တို့​သည် အပြစ်​များစွာ​ကျူးလွန်​ပြီး အပြစ်​ကြီးလေး​ကြောင်း​ကို ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​ကို ညှဉ်းဆဲ​ပြီး လာဘ်စား​၏​။ နွမ်းပါး​သူ​တို့​ကို​လည်း မြို့​တံခါးဝ​တွင် မတရားစီရင်​ကြ​၏​။


ထာဝရဘုရား​၏​နေ့​တော်​ကို စောင့်မျှော်​သော​သူ​တို့​သည် အမင်္ဂလာ ရှိ​ကြ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို အဘယ်ကြောင့် သင်​တို့ စောင့်မျှော်​သနည်း​။ ထို​နေ့​သည် အလင်း​မ​ဟုတ်​၊ အမှောင် ဖြစ်​လိမ့်မည်​။


မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။


‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။


မြို့သား​သူဌေး​တို့​သည် ရက်စက်ကြမ်းကြုတ်​ကြ​၏​။ မြို့သူမြို့သား​တို့​သည် အလိမ်အညာ​စကား​ကို​သာ ပြော​တတ်​ကြ​၏​။ သူ​တို့​၏​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို​သာ ဆို​တတ်​ကြ​၏​။


သို့သော် ဆိုးယုတ်​သော​အစေအပါး​သည် မိမိ​၏​စိတ်​ထဲ၌ ‘ငါ့​သခင်​ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက်


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


“ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။


အကြောင်းမူကား ဤမျှလောက်​များပြား​သော​စည်းစိမ်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​ပါ​သည်​တကား’​ဟု ဆို​ကြ​လိမ့်မည်။ ရေယာဉ်မှူး​အားလုံး၊ အရပ်ရပ်​သို့​ရွက်လွှင့်​တတ်​သော​သူ​အပေါင်း​တို့​နှင့် သင်္ဘောသား​များ၊ ပင်လယ်​ထဲ၌​အလုပ်လုပ်​နေ​သူ​ရှိသမျှ​တို့​သည်​လည်း အဝေး​မှ​ရပ်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ