အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




အာ​မုတ် 5:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​၏​နေ့​တော်​ကို စောင့်မျှော်​သော​သူ​တို့​သည် အမင်္ဂလာ ရှိ​ကြ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို အဘယ်ကြောင့် သင်​တို့ စောင့်မျှော်​သနည်း​။ ထို​နေ့​သည် အလင်း​မ​ဟုတ်​၊ အမှောင် ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ကို စောင့် မျှော် သော သင် တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ၏။ အ လင်း မ ဟုတ်၊ မှောင် မိုက် သော ထို နေ့ ရက် တော် ကို စောင့် မျှော် သည် ကား၊ မည် သည့် အ ကျိုး နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​ကို တောင့်​တ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် အ​ဘယ် အ​ကျိုး​ရှိ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် သင်​တို့၌ လင်း​သည်​မ​ဟုတ်၊ အ​မိုက်​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



အာ​မုတ် 5:18
26 ပူးပေါင်းရင်းမြစ်များ  

ညည်းတွားငိုကြွေး​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ရောက်​လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံမှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​မည်​။


ကောင်းကင်​ပြတင်းပေါက်​တို့​သည်​ပွင့်​၍ မြေကြီး​အုတ်မြစ်​တို့​သည် တုန်ခါ​လေ​ပြီ​။ ကြောက်မက်ဖွယ်​ရာ​အသံ​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့​ကျ​လိမ့်မည်​။ မြေတွင်း​ထဲ​မှ​တက်လာ​သော​သူ​သည် ကျော့ကွင်း​၌​မိ​လိမ့်မည်​။


သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။


ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။


သို့သော် ဖြောင့်မတ်​စွာ​ပြုကျင့်​၍ မိမိ​တို့​ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​စွန့်ပယ်​သော​လူမျိုး​ကဲ့သို့ သူ​တို့​သည် နေ့တိုင်း ငါ့​ကို​ရှာ​၍ ငါ​၏​တရားလမ်း​တို့​ကို သိလို​ကြ​၏​။ ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​ကို မေးမြန်း​ကြ​၏​။ ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ခြင်း​ကို နှစ်သက်​ကြ​၏​။


ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ပြည်​သည် မီးသင့်​၍ လူ​တို့​သည် လောင်စာ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ မည်သူမျှ မိမိ​ညီအစ်ကို​ကို မ​သနား​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


ကြည့်ရှု​လော့​။ ထို​သူ​တို့​က ငါ့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အဘယ်မှာ​နည်း​။ ယခုပင် ရောက်လာ​ပါလေစေ​”​ဟု ဆို​ကြ​၏​။


အမင်္ဂလာ​နေ့​ကြီး​ပါ​တကား​။ ဤ​နေ့​နှင့်​တူ​သော​နေ့​မ​ရှိ​။ ယာကုပ်​အမျိုး​တို့ ဒုက္ခ​ရောက်​သော​နေ့​ဖြစ်​၏​။ သို့သော် သူ​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။


“​အချင်း​လူသား​၊ ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​က ‘​သူ​မြင်​ရ​သော​ဗျာဒိတ်နိမိတ် ပြည့်စုံ​မည့်​အချိန် ဝေး​သေး​၏​။ အလွန်​ဝေး​သော​အနာဂတ်​အကြောင်း​ကို သူ​ဟောပြော​၏​’​ဟု ဆို​တတ်​ကြ​၏​။


အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။


သူ​တို့​ရှေ့​တွင် မြေကြီး​လှုပ်ခတ်​၍ ကောင်းကင်​ခါယမ်း​လေ​၏​။ နေ​နှင့်​လ​လည်း အမှောင်ကျ​ကုန်​၏​။ ကြယ်​များ​သည်​လည်း မိမိ​တို့​၏​အလင်း​ကို မပေး​နိုင်​။


ထာဝရဘုရား​သည် မိမိ​တပ်​တော်​ရှေ့​တွင် ကျယ်လောင်​သော​အသံ​ဖြင့် အမိန့်ပေး​တော်မူ​၏​။ အကြောင်းမှာ တပ်တော်​သည် အလွန်​ကြီးမား​၏​။ အမိန့်​တော်​အတိုင်း လုပ်ဆောင်​သော​သူ​သည်​လည်း ခွန်အားကြီး​၏​။ ထာဝရဘုရား​၏​နေ့ရက်​သည် အလွန်​ကြောက်မက်ဖွယ်​ကောင်း​သော​နေ့​ကြီး​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။


အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​၍​ပိန်ချုံး​သွား​မည်​။ ပူလောင်​ခြင်း​၊ ဆိုးရွား​သော​ဘေးဥပဒ်​တို့​၏​ဝါးမျို​ခြင်း​ခံရ​မည်​။ သားရဲ​အစွယ်​၊ မြေ​ပေါ်​တွားသွား​သော​သတ္တဝါ​အဆိပ်​ကို သူ​တို့​ထံ ငါ​စေလွှတ်​မည်​။


သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။


“ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။