မောရှေက ဖာရောမင်းကြီးအား “ထာဝရဘုရားက ‘ငါသည် ညသန်းခေါင်တွင် အီဂျစ်ပြည်အလယ်သို့ ကြွသွားမည်။
အာမုတ် 5:17 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။ Common Language Bible စပျစ်ခြံတိုင်းမှငိုကြွေးသံများပေါ် ထွက်လာမည်။ ငါသည်သင်တို့ကိုအပြစ် ပေးရန်ကြွလာပြီးဖြစ်သောကြောင့် ဤသို့ ဖြစ်ရလိမ့်မည်'' ဟုထာဝရဘုရားမိန့် တော်မူ၏။ Judson Bible ခပ်သိမ်းသော စပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ လျှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
မောရှေက ဖာရောမင်းကြီးအား “ထာဝရဘုရားက ‘ငါသည် ညသန်းခေါင်တွင် အီဂျစ်ပြည်အလယ်သို့ ကြွသွားမည်။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ဒဏ်ခတ်ရန် ဖြတ်သွားသောအခါ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ သွေးကိုမြင်လျှင် ထာဝရဘုရားသည် ထိုတံခါးကိုကျော်သွားမည်။ ဖျက်ဆီးသောသူကိုလည်း သင်တို့၏အိမ်ထဲသို့ဝင်၍ သင်တို့ကိုဒဏ်ခတ်ခွင့်ပေးတော်မူမည်မဟုတ်။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
ထာဝရဘုရားက “သူတို့သည် လူအရေအတွက်များပြီး အင်အားတောင့်သော်လည်း အမြစ်ဖြတ်ချေမှုန်းခြင်း ခံရမည်။ သင့်ကိုမူကား ငါဒဏ်ခတ်ခဲ့သော်လည်း နောက်တစ်ဖန် ဒဏ်ခတ်တော့မည်မဟုတ်။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
ငါ့အိမ်တော်၌ ကျူးကျော်ဝင်ရောက်သူမရှိအောင် ကင်းစောင့်ချထားမည်။ ငါကိုယ်တိုင်စောင့်ကြည့်မည်ဖြစ်၍ ညှဉ်းဆဲတတ်သောသူတို့ နောက်တစ်ဖန် မကျူးကျော်ရ။