Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် အိ ဂျစ် လူ တို့ ကို ဒဏ် ခတ် ခြင်း ငှါ ဖြတ် သန်း တော် မူ မည်။ တံ ခါး ထုပ် နှင့် တံ ခါး တိုင် နှစ် ဘက် တွင် အ သွေး ကို မြင် သော အ ခါ ထာ ဝ ရ ဘု ရား သည် ထို တံ ခါး ကို ရှောင် သွား တော် မူ ၍ လုပ် ကြံ သော စေ တ မန် တော် သည် သင် တို့ ကို ဒဏ် ခတ် ရန် အိမ် သို့ ဝင် ခွင့် ပြု တော် မ မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:23
14 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်တမန်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် လက်​ကို​ဆန့်​တော်မူ​လျှင် ထာဝရဘုရား​သည် ထို​ကပ်ရောဂါ​ဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် လူ​တို့​ကို​ဖျက်ဆီး​သည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​၌ ရှိ​နေ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။


မောရှေ​က ဖာရော​မင်းကြီး​အား “​ထာဝရဘုရား​က ‘​ငါ​သည် ညသန်းခေါင်​တွင် အီဂျစ်​ပြည်​အလယ်​သို့ ကြွသွား​မည်​။


သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။


ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါးထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​သာ တွေ့​ရ​၏​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


လူကြီး​လူငယ်​၊ အပျို​လူပျို​၊ အမေ​နှင့်​ကလေး​ပါမကျန် သတ်​ပစ်​လော့​။ သို့သော် အမှတ်အသား​ပြု​ထား​ခဲ့​သော​သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​ထိ​ကြ​နှင့်​။ ငါ​၏​သန့်ရှင်းရာဌာန​မှ​စတင်​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ သူ​တို့​သည် အမိန့်​တော်​အတိုင်း အိမ်​တော်​ရှေ့​ရှိ သက်ကြီးဝါကြီး​တို့​ကို စတင်​သတ်ပစ်​ကြ​လေ​၏​။


သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


“ငါ​တို့​ဘုရားသခင်​၏​အစေအပါး​တို့​၏​နဖူး​ပေါ်တွင် တံဆိပ်​ခတ်နှိပ်​မ​ပြီး​မချင်း မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်​တို့​ကို ဘေး​မ​သင့်​စေ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​၏။


မြေကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်သည့်​စိမ်းလန်း​သော​အရာ​၊ သို့မဟုတ် မည်သည့်​သစ်ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ နဖူး​ပေါ်တွင် ဘုရားသခင်​၏​တံဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေးသင့်​စေရန် သူ​တို့​အား​မှာထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ