အာမုတ် 5:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရား၏နေ့တော်ကို စောင့်မျှော်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ ထာဝရဘုရား၏နေ့တော်ကို အဘယ်ကြောင့် သင်တို့ စောင့်မျှော်သနည်း။ ထိုနေ့သည် အလင်းမဟုတ်၊ အမှောင် ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible18 ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ကို စောင့် မျှော် သော သင် တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ၏။ အ လင်း မ ဟုတ်၊ မှောင် မိုက် သော ထို နေ့ ရက် တော် ကို စောင့် မျှော် သည် ကား၊ မည် သည့် အ ကျိုး နည်း။ အခန်းကိုကြည့်ပါ။Judson Bible18 ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။