အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




အာ​မုတ် 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​ဇုတ်​နှင့်​အီ​ဂျစ်​ပြည်​ဘုံ​နန်း​များ​တွင်​စံ နေ​သူ​အ​ပေါင်း​တို့​အား ဤ​သို့​ကြေ​ငြာ​လော့။ ``ရှ​မာ​ရိ​မြို့​ပတ်​လည်​ရှိ​တောင်​များ​ပေါ်​၌ စု​ရုံး​လာ​ပြီး ထို​မြို့​ထဲ​၌​ကူး​လွန်​နေ​သော ပြစ်​မှု​များ​နှင့်​ဖြစ်​ပေါ်​နေ​သည့်​ယို​ယွင်း​မှု ကြီး​ကို​ရှု​စား​ကြ​လော့။''

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ဇုတ် မြို့ ရှိ ဘုံ ဗိ မာန် များ၌ လည်း ကောင်း၊ အိ ဂျစ် ပြည် ရှိ နန်း ဆောင် များ ၌ လည်း ကောင်း၊ ကြော် ငြာ လျက်၊ ရှမာ ရိ တောင် တန်း ပေါ်၌ စု ရုံး ပြီး လျှင်၊ မြို့ အ တွင်း တွင် များ ပြား သော ဖီ ဆန် သောင်း ကျန်း မှု ကို၊ ရှု ကြည့် ကြ ဟု ဆင့် ဆို လော့။

အခန်းကိုကြည့်ပါ။

Judson Bible

အာ​ဇုတ်​မြို့ ဘုံ​ဗိ​မာန်​တို့​နှင့် အဲ​ဂု​တ္တု​ပြည်​ဘုံ​ဗိ​မာန်​တို့​တွင် သ​တင်း​ကြား​ပြော​ရ​မည်​မှာ၊ ရှ​မာ​ရိ​တောင်​တို့ အ​ပေါ်​မှာ​စု​ဝေး၍၊ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ မြို့​ထဲ​မှာ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။

အခန်းကိုကြည့်ပါ။



အာ​မုတ် 3:9
22 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​သမီးပျို​များ ဝမ်းမြောက်​မည်​ကို စိုး​၍​၊ အရေဖျားမလှီး​သူ​တို့​၏​သမီးပျို​များ ရွှင်မြူး​မည်​ကို​စိုး​၍ ဤ​အကြောင်း​ကို ဂါသ​မြို့​တွင် မ​ပြော​ကြ​ပါ​နှင့်​။ အာရှကေလုန်​မြို့​လမ်း​များ​ပေါ်တွင် မ​ကြေညာ​ကြ​ပါ​နှင့်​။


ငါ​တို့​သည် အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​မျိုးစုံ​ကို တွေ့ရှိ​၍ လုယက်ပစ္စည်း​များ​ဖြင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်​။


ယဉ်ကျေး​သိမ်မွေ့​သော​မိန်းမ​သည် ဂုဏ်သရေ​ကို​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​ယောက်ျား​တို့​မူကား ဓနဥစ္စာ​ကို​ရ​တတ်​ကြ​၏​။


တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


သင်​သည် ရှမာရိ​တောင်​ပေါ်တွင် စပျစ်ခြံ​ကို ပြန်လည်​စိုက်ပျိုး​ရ​လိမ့်မည်​။ စိုက်ပျိုး​သော​သူ​တို့​သည် အသီး​ကို စား​ရ​လိမ့်မည်​။


“​ဓား​သည် သင့်​ပတ်လည်​ရှိ​ပြည်​တို့​ကို ဝါးမျို​လေ​ပြီ​။ သင်​လည်း အသင့်ပြင်​၊ နေရာယူ​လော့​”​ဟု အီဂျစ်​ပြည်​၌​ကြွေးကြော်​လော့​။ မိဂဒေါလ​မြို့​၌ ကြေညာ​လော့​။ မင်ဖစ်​မြို့​၊ တာပနက်​မြို့​၌ ကြေညာ​လော့​။


ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။


အို အစ္စရေး​တောင်တန်း​၊ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ပြန်လာ​တော့​မည်​ဖြစ်၍ သင်​တို့​သည် သူ​တို့​အတွက် အကိုင်းအခက်​ထွက်လာ​၍ အသီး​သီး​ရ​ကြ​လိမ့်မည်​။


ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။


ငါ​သည် အစ္စရေး​ကို ကုသ​ပေး​သောအခါ ဧဖရိမ်​၏​အပြစ်​နှင့် ရှမာရိ​၏​မကောင်းမှု​တို့ ပေါ်လာ​ပြန်​၏​။ အကယ်စင်စစ် သူ​တို့​သည် လိမ်လည်လှည့်စား​ခြင်း​အမှု​ကို ပြု​ကြ​၏​။ မြို့တွင်း​၌ သူခိုး​များ ဖောက်ထွင်း​ကြ​၏​။ မြို့ပြင်​၌ ဓားပြ​များ လုယက်တိုက်ခိုက်​ကြ​၏​။


အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။


သင်​တို့​သည် ဆင်းရဲသား​ကို ဖိနှိပ်​၍ သူ့​ထံမှ ဂျုံစပါး​အခွန်အတုတ်​ကို တောင်းခံ​ကြ​၏​။ ထို့ကြောင့် ကျောက်ဆစ်​အိမ်​များ​ကို ဆောက်​သော်လည်း ထို​အိမ်​များ​တွင် သင်​တို့​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​များ​ကောင်းကောင်းမွန်မွန်​စိုက်ပျိုး​သော်လည်း ထို​ခြံ​မှ​ထွက်​သော​စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်​။


အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။


ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။


ဆိုးယုတ်​သော​သူ​၏​အိမ်​တွင် မတရား​ယူ​ထား​သော​ဥစ္စာ ရှိ​သေး​သလော​။ အဝင်ချင်းမတူ​သော​ဧဖာ ရှိ​သေး​သလော​။


ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။