သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။
အာမုတ် 3:10 - မြန်မာ့စံမီသမ္မာကျမ်း စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။- Garrad Bible ကိုယ့် ဘုံ ဗိ မာန် များ ၌ သောင်း ကျန်း မှု၊ အ ဓ မ္မ မှု ကို သို ထား သော သူ တို့ သည်၊ ဖြောင့် မတ် စွာ ပြု ရန် မ တတ် စွမ်း ကြ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
ငါတို့သည် အဖိုးတန်သောစည်းစိမ်ဥစ္စာမျိုးစုံကို တွေ့ရှိ၍ လုယက်ပစ္စည်းများဖြင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
ယဉ်ကျေးသိမ်မွေ့သောမိန်းမသည် ဂုဏ်သရေကိုရတတ်၏။ ကြမ်းကြုတ်သောယောက်ျားတို့မူကား ဓနဥစ္စာကိုရတတ်ကြ၏။
မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။ ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ထို့ကြောင့် ငါက “သူတို့သည် မိုက်မဲသောဆင်းရဲသားများသာဖြစ်ကြ၏။ သူတို့သည် ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကို မသိကြ။
မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ ကြွေးယူသူပေါင်ထားသောပစ္စည်းကို ပြန်ပေး၍ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊
ပြည်သားတို့သည်လည်း အကျင့်ဆိုးကို ကျင့်ကြ၏။ ခိုးဆိုးတိုက်ခိုက်ကြ၏။ ဆင်းရဲနွမ်းပါးသောသူတို့အား နိုင်ထက်စီးနင်းပြုကြ၏။ တိုင်းတစ်ပါးသားတို့အား မတရားနှိပ်စက်ကြ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
ငါသည် အစ္စရေးကို ကုသပေးသောအခါ ဧဖရိမ်၏အပြစ်နှင့် ရှမာရိ၏မကောင်းမှုတို့ ပေါ်လာပြန်၏။ အကယ်စင်စစ် သူတို့သည် လိမ်လည်လှည့်စားခြင်းအမှုကို ပြုကြ၏။ မြို့တွင်း၌ သူခိုးများ ဖောက်ထွင်းကြ၏။ မြို့ပြင်၌ ဓားပြများ လုယက်တိုက်ခိုက်ကြ၏။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
မြင်းတို့သည် ကျောက်ဆောင်ပေါ်တွင် ပြေးတတ်သလော။ နွားဖြင့်ယှဉ်၍ ထွန်ယက်တတ်သလော။ သင်တို့သည် တရားမျှတခြင်းကို အဆိပ်ဖြစ်စေပြီ။ ဖြောင့်မတ်ခြင်း၏အသီးကိုလည်း ခါးသီးစေပြီ။
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူ၏အိမ်တွင် မတရားယူထားသောဥစ္စာ ရှိသေးသလော။ အဝင်ချင်းမတူသောဧဖာ ရှိသေးသလော။
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်သည် ရှေးယခင်ကပင်တည်ရှိ၍ မြေကြီးသည်လည်း ရေအားဖြင့် ရေထဲမှထင်ရှားလာပြီး