ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
ဟဗက္ကုတ် 3:8 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် အောင်ပွဲခံမြင်းတော်၊ ရထားတော်တို့ကို စီးတော်မူသည်မှာ ချောင်းတို့ကို စိတ်ဆိုး၍လော။ မြစ်တို့ကို အမျက်ထွက်၍လော။ ပင်လယ်ကို ဒေါသထွက်၍လော။ Garrad Bible ထာ ဝ ရ ဘု ရား သည် မြင်း တပ် တော်၌၎င်း၊ အောင် မြင် သော ရ ထား တပ် တော်၌၎င်း၊ စီး ကြွ တော် မူ သည် မှာ။ ချောင်း များ ပေါ် တွင် အ မျက်၊ မြစ် များ အ ပေါ် တွင် ဒေါ သ၊ ပင် လယ် အ ပေါ် တွင် မျက် မာန် ကို ထား တော် မူ ရ သော ကြောင့် လော။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင်ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ကို အမျက်ထွက်တော်မူသလော။ မြစ်များတစ်ဖက်၌ စိတ်ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။ |
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
အချင်းပင်လယ်၊ သင်သည် အဘယ်ကြောင့်ထွက်ပြေးရသနည်း။ အချင်းဂျော်ဒန်မြစ်၊ သင်သည် အဘယ်ကြောင့် နောက်သို့ပြန်လှည့်ရသနည်း။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
သမ္မာတရား၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သောအရေးကိစ္စအတွက် ကိုယ်တော်၏ဘုန်းအာနုဘော်ကိုဆောင်လျက် အောင်မြင်စွာစီးနင်းကြွမြန်းတော်မူပါ။ ကိုယ်တော်၏လက်ယာလက်တော်သည် အံ့ဩဖွယ်အမှုတို့ကို ကိုယ်တော်အားပြသပါစေသော။
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကိုမြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကိုမြင်၍ တုန်လှုပ်ကြပါ၏။ နက်ရှိုင်းသောရေထုများသည်လည်း လှုပ်ခတ်ကြပါ၏။
သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။
မောရှေနှင့်အာရုန်သည်လည်း ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့မှောက်၌ တောင်ဝှေးကိုမြှောက်၍ နိုင်းမြစ်ရေကို ရိုက်လေသော် နိုင်းမြစ်ရေအားလုံး သွေးအဖြစ်သို့ပြောင်းသွားလေ၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
ကိုယ်တော်သည် မြင်းတော်များဖြင့် လှိုင်းထန်နေသောပင်လယ်ပြင်ကြီးကို ဖြတ်သွားတော်မူ၏။
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။
ထိုအခါ ငါကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူ၌ လေးတစ်လက်ပါ၏။ သူသည် သရဖူတစ်ခုကိုရရှိပြီး အောင်မြင်ခြင်းအပေါ်၌ ဆက်၍အောင်မြင်ရန် ထွက်ခွာသွား၏။