Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဆ ဋ္ဌ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို ဥ ဖ ရတ် မြစ် ကြီး ပေါ် သို့ သွန်း လောင်း သော် အ ရှေ့ ပြည် ဘု ရင် မင်း တို့ လမ်း ပေါက် စေ ခြင်း ငှါ မြစ် ရေ ခမ်း ခြောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ အ​ရှေ့ မျက်​နှာ​ဘု​ရင်​တို့ သွား​ရာ​လမ်း​ကို ပြင်​ဆင်​စေ​ခြင်း​အ​လို​ငှာ ထို​မြစ်​ရေ​သည် ခန်း​ခြောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဆဋ္ဌမ​ကောင်းကင်တမန်​သည် သူ​၏ ဖလား​ကို ယူဖရေးတီးမြစ်ကြီး​ပေါ်သို့ သွန်းလောင်းလိုက်​သောအခါ မြစ်ရေ​ခန်းခြောက်သွား၏။ ထို့ကြောင့် အရှေ့ပြည်​၌​ရှိသော ဘုရင်များ​အတွက် လမ်းပွင့်သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:12
15 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် အီဂျစ်​ပင်လယ်​ကွေ့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ ယူဖရေးတီး​မြစ်​အပေါ်​ကို​လည်း ပြင်းထန်​သော​လေ​နှင့်အတူ လက်​တော်​ကို​ဝှေ့ယမ်း​တော်မူ​၍ ထို​မြစ်​ကို ချောင်း​ခုနစ်​သွယ်​ဖြစ်​အောင်​ရိုက်​တော်မူ​သဖြင့် လူ​တို့​သည် ဖိနပ်​စီး​လျက် ဖြတ်သွား​ကြ​လိမ့်မည်​။


မြောက်အရပ်​မှ တစ်စုံတစ်ဦး​ကို ငါ​လှုံ့ဆော်​၍ သူ​သည် နေထွက်​ရာ​အရပ်​မှ​လာ​လေ​ပြီ​။ သူ​သည် ငါ့​နာမ​ကို​ဟစ်ခေါ်​လိမ့်မည်​။ အိုးထိန်းသည်​သည် မြေစေး​ကို​နင်း​သကဲ့သို့ သူ​သည် မင်းအရာရှိ​တို့​ကို ရွှံ့​သဖွယ်​နင်း​လိမ့်မည်​။


ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။


ငါ​သည် သမုဒ္ဒရာ​ကို ‘​ခန်းခြောက်​လော့​။ သင်​၏​မြစ်​တို့​ကို​လည်း ငါ​ခြောက်သွေ့​စေ​မည်​’​ဟု မိန့်ဆို​၏​။


အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။


ကြည့်ရှု​လော့​။ ဘုရားရှင်​သည် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​အင်အား​ရှိသမျှ​တည်းဟူသော အဟုန်ပြင်း​၍​များပြား​သော မြစ်​ရေ​တို့​ကို သူ​တို့​ထံ​ရောက်​စေ​တော်မူ​မည်​။ မြစ်ချောင်း​၊ ကမ်းပါး​ရှိသမျှ​ကို ဖုံးလွှမ်း​လျှံတက်​သွား​လိမ့်မည်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သင့်​အမှုကိစ္စ​ကို ငါ​ရင်ဆိုင်ဖြေရှင်း​ပေး​မည်​။ သင့်​အစား ငါ​အမှန် လက်တုံ့ပြန်​မည်​။ သူ​၏​ပင်လယ်ရေ​ကို ခန်း​စေ​မည်​၊ စမ်းရေတွင်း​ကို ခြောက်သွေ့​စေ​မည်​။


ဒုတိယ​အမင်္ဂလာ​သည် လွန်​သွား​လေ​ပြီ။ တတိယ​အမင်္ဂလာ​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်။


ထို့နောက် ထို​ကောင်းကင်​တမန်​က “သင်​မြင်​ရ​သော ပြည့်တန်ဆာ​ထိုင်​နေ​သည့်​ရေ​များ​သည် တိုင်းနိုင်ငံ​များ၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​များ​နှင့် လူထု​ပရိသတ်​များ​ဖြစ်​ကြ​၏။


တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​တံဆိပ်​တော်​ကို ကိုင်ဆောင်​လျက် နေ​ထွက်​ရာ​အရပ်​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကောင်းကင်​တမန်​သည် မြေကြီး​နှင့်​ပင်လယ်​တို့​ကို ဘေးသင့်​စေ​နိုင်​သော​အခွင့်​ရရှိ​ထား​သည့် ကောင်းကင်​တမန်​လေး​ပါး​တို့​အား


ထို​တံပိုးခရာ​ရှိ​သော​ဆဋ္ဌမ​ကောင်းကင်​တမန်​အား “ကြီးမား​သော​ယူဖရေးတီး​မြစ်​နား​မှာ ချည်နှောင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​ကို ဖြေလွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ