ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
ဟ္ဂဲ 2:19 - မြန်မာ့စံမီသမ္မာကျမ်း စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။ Common Language Bible သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။ Garrad Bible ကျီ ၌ မျိုး ရှိ သ လော။ စ ပျစ်၊ သ ဖန်း၊ သ လဲ၊ သံ လွင် ပင် များ သည် အ သီး မ သီး သ လော။ ယ နေ့ က စ ၍ ငါ သည် ကောင်း ကြီး မင်္ဂ လာ ပေး မည် ဟု မိန့် တော် မူ ကြောင်း ကို ပြန် ဆို လေ ၏။ Judson Bible စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်ဟု မိန့်တော်မူ၏။ |
ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
သင်၏ကောက်လှိုင်းများကို ယူဆောင်လာ၍ ကောက်နယ်တလင်းတွင် စုသိမ်းပေးမည်ဟု သင်ယုံသလော။
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
ထာဝရဘုရားက “ငါသည် ယဇ်ပုရောဟိတ်တို့၏စိတ်ဝိညာဉ်ကို အဆီအနှစ်နှင့်ပြည့်သောအစာဖြင့် ကျေနပ်အားရစေမည်။ ငါ၏လူမျိုးတော်သည် ကောင်းမြတ်သောအရာများနှင့် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု မိန့်တော်မူ၏။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။
မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
သူ့အား ပေးကမ်းသောအခါ မကြည်ဖြူသောစိတ်မရှိဘဲ ကြည်ကြည်ဖြူဖြူပေးကမ်းရမည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုမူလုပ်ဆောင်လေရာရာ၌ သင့်အား ကောင်းချီးပေးတော်မူမည်။
ထာဝရဘုရားသည် သင့်ကို အဆုတ်ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ မိုးခေါင်ခြင်း၊ လောင်မီးပိုးကျခြင်း၊ မှိုစွဲခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း ထိုဘေးတို့သည် သင့်ကိုလိုက်လိမ့်မည်။