ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
ဟ္ဂဲ 1:8 - မြန်မာ့စံမီသမ္မာကျမ်း ‘တောင်ပေါ်သို့တက်သွား၍ သစ်ကိုယူဆောင်လာပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ထိုအိမ်တော်ကိုငါနှစ်သက်၍ ငါ့ဘုန်းတော်ကိုလည်း ထင်ရှားစေမည်’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယခု ပင်တောင်ကုန်းများပေါ်သို့တက်၍သစ်များ ကိုယူဆောင်လာကာ ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ကြလော့၊ ထိုအခါငါသည်နှစ် သက်အားရလာလိမ့်မည်။ ပြီးလျှင်ငါ့အား ထိုက်သင့်သည့်အတိုင်းဝတ်ပြုကိုးကွယ် နိုင်ကြလိမ့်မည်ဟုအနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။'' Judson Bible တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ |
ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ကျောက်တုံးကြီးသုံးဆင့်၊ သစ်သားတစ်ဆင့်ဖြင့် တည်ဆောက်ရမည်။ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ပေးစေ။
ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
သင်တို့သည် သူ၏နို့ရည်ကြွယ်ဝသောသားမြတ်ကိုစို့၍ ဝလင်ကြလိမ့်မည်။ နို့ရည်ကြွယ်ဝသောသားမြတ်ကို အလိုရှိသမျှသောက်၍ နှစ်သက်အားရကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့’ဟု မိန့်ဆိုပြီ။
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
‘ဤအိမ်တော်၏ဘုန်းအသရေသည် ယခင်အိမ်တော်ထက် သာ၍ကြီးမြတ်လိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။