လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍ ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။
ဟ္ဂဲ 1:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။- Garrad Bible သို့ နှင့် အ ညီ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က လည်း ကိုယ့် အ လေ့ အ လာ ကို နှ လုံး သွင်း ကြ လော့။ Judson Bible ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကိုဆင်ခြင်ကြလော့။ |
လာမည့်မျိုးဆက်ကိုပြောပြနိုင်ရန် ထိုမြို့တော်၏တံတိုင်းကို သင်တို့၏စိတ်နှလုံး၌မှတ်သားထား၍ ခံတပ်များကိုစစ်ဆေးကြည့်ရှုကြလော့။
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
သူကျူးလွန်မိသောအပြစ်များကိုသိမြင်လာပြီး နောင်တရသောကြောင့် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
တစ်ဖန် သူက “ဒံယေလ၊ မကြောက်နှင့်။ သင်သည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချ၍ နားလည်လိုသောဆန္ဒရှိသည့်ပထမဆုံးနေ့မှစ၍ သင့်စကားကို ဘုရားသခင်ကြားတော်မူပြီ။ သင့်စကားကြောင့် ငါရောက်လာရခြင်းဖြစ်၏။
ထိုစကားကိုကြားသောအခါ ရှင်ဘုရင်သည် အလွန်စိတ်ထိခိုက်ပြီး ဒံယေလကိုကယ်မည်ဟု စိတ်ပိုင်းဖြတ်လျက် နေဝင်သည့်တိုင်အောင် ဒံယေလလွတ်မြောက်မည့်လမ်းကို ကြိုးပမ်းရှာကြံလျက်နေ၏။
“ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။
သင်တို့သည် မျိုးစေ့များစွာကြဲသော်လည်း သီးနှံအနည်းငယ်သာရိတ်ရ၏။ အစာစားရသော်လည်း ဝလင်စွာမစားရ။ သောက်ရသော်လည်း ဝစွာမသောက်ရ။ အဝတ်ဝတ်ရသော်လည်း နွေးထွေးမှုမရှိ။ လုပ်အားခရသော်လည်း အိတ်ပေါက်ထဲသို့သာ ထည့်ရ၏’ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့’ဟု မိန့်ဆိုပြီ။
ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။
သင်တို့သည် ယုံကြည်ခြင်း၌တည်နေခြင်းရှိ၊ မရှိ မိမိကိုယ်ကိုစမ်းသပ်ကြလော့။ မိမိကိုယ်ကိုစစ်ဆေးကြလော့။ သင်တို့အထဲ၌ ယေရှုခရစ်တော်ရှိကြောင်း သင်တို့ကိုယ်တိုင်မသိကြသလော၊ သို့မဟုတ် သင်တို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများဖြစ်လေပြီလော။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။