သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
ဟေရှာယ 9:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးတော်ကိုတိုးပွားစေ၍ သူတို့ကို အလွန်ဝမ်းမြောက်စေတော်မူပြီ။ သူတို့သည် သီးနှံရိတ်သိမ်းချိန်၌ ဝမ်းမြောက်သကဲ့သို့၊ လုယက်ပစ္စည်းခွဲဝေချိန်၌ ရွှင်လန်းသကဲ့သို့ ကိုယ်တော်၏ရှေ့မှောက်တွင် ဝမ်းမြောက်ကြပါပြီ။ Common Language Bible အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။ Garrad Bible ကိုယ် တော် သည် လူ မျိုး တော် ကို များ ပြား စေ၍ ဝမ်း မြောက် ဖွယ် အ ကြောင်း ကို လည်း တိုး ပွား စေ တော် မူ သ ဖြင့်၊ ရိတ် သိမ်း ချိန်၌ ပျော် ရွှင် သ ကဲ့ သို့လည်း ကောင်း၊ လက် ရ ဥ စ္စာ ကို ဝေ မျှ သည့် အ ခါ ရွှင် လန်း သ ကဲ့ သို့လည်း ကောင်း၊ ရှေ့ တော် တွင် ဝမ်း မြောက် ကြ ပါ၏။ Judson Bible ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။ |
သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
တိုင်းနိုင်ငံတို့ကို အားကြီးစေပြီးမှ ဖျက်ဆီးပစ်တော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်ပြန့်စေပြီးမှ ကွဲလွင့်စေတော်မူ၏။
ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
အကျွန်ုပ်သည် များစွာသောစည်းစိမ်ဥစ္စာကို တွေ့ရှိသောသူကဲ့သို့ ကိုယ်တော်၏ကတိတော်ကြောင့် ရွှင်မြူးပါ၏။
အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။
ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
လူတို့ကို ဒေါသဖြင့် တစ်ချိန်လုံးရိုက်နှက်၍ တိုင်းနိုင်ငံတို့ကို မငဲ့မညှာနှိပ်စက်လျက် အမျက်နှင့်အုပ်စိုးသောကြောင့် ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့၏တုတ်၊ အုပ်စိုးသူမင်းတို့၏ရာဇလှံတံကို ချိုးတော်မူ၏။
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးတော်ကို တိုးပွားစေခြင်းဖြင့် ဘုန်းတော်ကိုထင်ရှားစေတော်မူပြီ။ ပြည်တော်၏နယ်နိမိတ်အားလုံးကို ပို၍ကျယ်ဝန်းစေတော်မူပြီ။
ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
ထာဝရဘုရားက “သားမဖွားဖူးသောအမြုံမ၊ ရွှင်လန်းစွာသီချင်းဆိုလော့။ ကလေးမမွေးဖူးသောမိန်းမ၊ သီချင်းဟစ်ကြော်သီဆိုလော့။ ကြွေးကြော်လော့။ အကြောင်းမူကား စွန့်ပစ်ခံရသောမိန်းမ၏သားသမီးသည် ယောက်ျားရှိသောမိန်းမ၏သားသမီးထက် သာ၍များ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ကြည့်ရှုလော့။ ငါ့အစေအပါးတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား နာကျင်သောစိတ်နှင့် အော်ဟစ်ကြ၍ ကြေကွဲသောစိတ်နှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။
ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ကို ပျော်ရွှင်ဖွယ်ရာမြို့အဖြစ်၊ မြို့သားတို့ကို ဝမ်းမြောက်သောသူများအဖြစ် ငါဖန်ဆင်းသည်ဖြစ်၍ ငါဖန်ဆင်းသောအရာ၌ အစဉ်ထာဝရဝမ်းမြောက်ရွှင်လန်းကြလော့။
ဂျေရုဆလင်မြို့ကိုချစ်သောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဂျေရုဆလင်မြို့အတွက် ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့။
ထာဝရဘုရားက “ယာကုပ်အမျိုးအတွက် ဝမ်းမြောက်ပျော်ရွှင်စွာသီချင်းဆိုကြလော့။ လူမျိုးတကာတို့၏အထွတ်အား ကြွေးကြော်ချီးမွမ်း၍ ‘အို ထာဝရဘုရား၊ ကြွင်းကျန်သော ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးကို ကယ်တင်တော်မူပါ’ဟု မြွက်ဆိုကြလော့။
သူတို့သည် လူဦးရေတိုးလာသည်နှင့်အမျှ ငါ့ကိုဆန့်ကျင်၍ အပြစ်ပြုကြလေပြီ။ ထို့ကြောင့် သူတို့၏ဂုဏ်သရေကို အရှက်ကွဲခြင်းနှင့် လဲပစ်မည်။
ငါသည် အီဂျစ်ပြည်၌ကျွန်ခံခဲ့သောသင်တို့ကို ထိုပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ထမ်းပိုးကို ချိုးဖျက်၍ သင်တို့ကို မတ်မတ်လျှောက်စေမည်။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
အို ရှင်ဘုရင်တို့၊ နားထောင်ကြလော့။ အို အုပ်ချုပ်သူတို့၊ အာရုံစိုက်ကြလော့။ ငါသည် ထာဝရဘုရားထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုမည်၊ ငါသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို သီဆိုချီးမွမ်းမည်။
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။
ထိုအခါ ဇေဘဟနှင့်ဇာလမုန္နတို့သည် ထွက်ပြေးကြ၏။ ဂိဒေါင်သည်လည်း မိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟမင်းကြီးနှင့်ဇာလမုန္နမင်းကြီးတို့နောက်သို့လိုက်၍ သူတို့ကိုဖမ်းဆီးသဖြင့် စစ်သည်အပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေ၏။
ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။