ဆာလံ 107:38 - မြန်မာ့စံမီသမ္မာကျမ်း38 ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။ အခန်းကိုကြည့်ပါ။Common Language Bible38 ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible38 သိုး နွား တိ ရ စ္ဆာန် မ လျော့ စေ ဘဲ၊ လူ အ လွန် ပွား များ လေ အောင်၊ ထို သူ တို့ ကို ကောင်း ကြီး ပေး တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible38 ကောင်းချီးပေးတော်မူ၍၊ သူတို့သည် အလွန်ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော်မမူ။ အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။