ဟေရှာယ 9:4 - မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible4 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible4 အ ဘယ့် ကြောင့် ဆို သော်၊ သူ တို့ ထမ်း ရ သော ထမ်း ပိုး ကို လည်း ကောင်း၊ ကျော ဒဏ် ခတ် သော တုတ် ကိုလည်း ကောင်း၊ ညှဉ်း ပန်း သူ၏ လှံ တံ ကိုလည်း ကောင်း၊ မိ ဒျန် လူ မျိုး ပေါ် တွင် အောင် ပွဲ နေ့ နည်း တူ၊ ချိုး ဖြတ် တော် မူ၍၊ အခန်းကိုကြည့်ပါ။Judson Bible4 အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။