နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
ဟေရှာယ 65:9 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။ Common Language Bible ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။- Garrad Bible ယာ ကုပ် အ မျိုး အ တွင်း မှ အ နွယ် ကို လည်း ကောင်း၊ ယု ဒ အ မျိုး အ တွင်း မှ ငါ့ တောင် တန်း တော် ပိုင် သူ့ ကို လည်း ကောင်း၊ ထုတ် ဖော် သည့် အ လျောက်၊ ငါ ရွေး ချယ် သူ တို့ သည် ပိုင် ရ ခွင့်၊ ငါ့ ကျွန် တို့ လည်း နေ ထိုင် ခွင့် ရ ကြ လိမ့် မည်။ Judson Bible ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။ |
နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
ဂျေရုဆလင်မြို့တွင်နေထိုင်သော အို ဇိအုန်မြို့သားတို့၊ သင်တို့ ငိုကြွေးရတော့မည်မဟုတ်။ ကိုယ်တော်သည် သင်တို့အော်ဟစ်သောအခါ သင်တို့ကို အမှန်ပင်သနားတော်မူမည်။ သင်တို့အော်ဟစ်သံကို ကြားသောအခါ ထူးတော်မူမည်။
ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။
ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်အပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရမည်။ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
ထာဝရဘုရားက “နှစ်သက်လက်ခံဖွယ်အချိန်၌ သင့်ကိုငါထူးပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုငါကူညီမစပြီ။ သင်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန်၊ လူသူကင်းမဲ့သောအမွေပြည်ကို အမွေဆက်ခံရန် ငါသည် သင့်ကို ကာကွယ်စောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်ဖြစ်စေမည်။
သင်အော်ဟစ်သောအခါ ရုပ်တုတို့သည် သင့်ကိုကယ်နုတ်ပါစေ။ သို့သော် ထိုအရာအားလုံးကို လေတိုက်သွားမည်။ ထွက်သက်လေတစ်ချက်က လွင့်သွားစေမည်။ ငါ၌ခိုလှုံသောသူမူကား ပြည်တော်ကိုအမွေဆက်ခံရမည်။ ငါ၏သန့်ရှင်းသောတောင်ကို ပိုင်ဆိုင်ရမည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
သူတို့ဆောက်သောအိမ်၌ အခြားသူ နေရမည်မဟုတ်။ သူတို့စိုက်သောစပျစ်သီးကိုလည်း အခြားသူစားရမည်မဟုတ်။ ငါ့လူတို့၏သက်တမ်းသည် သစ်ပင်၏သက်တမ်းတမျှ ရှည်မည်။ ငါရွေးချယ်သောသူတို့သည် သူတို့လက်ဖြင့်လုပ်ဆောင်သောအရာကို ရေရှည်အကျိုးခံစားရမည်။
‘ငါသည် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
ထိုအချိန်၌ သင်တို့ကို ငါဆောင်ခဲ့မည်။ ထိုအချိန်၌ သင်တို့ကို ငါစုစည်းမည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသူတို့ကို သင်တို့ရှေ့သို့ ပြန်လာစေမည်။ ကမ္ဘာလောကသားတို့အလယ်တွင် သင်တို့ကို ငါချီးမြှောက်၍ ဂုဏ်သရေရှိစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
ကောင်းမြတ်သောသတင်းအရ သူတို့သည် သင်တို့အတွက်ကြောင့် ရန်သူများဖြစ်ကြသော်လည်း ရွေးကောက်တော်မူခြင်းအရ ရှေးဘိုးဘေးများအတွက်ကြောင့် ချစ်တော်မူသောသူများဖြစ်ကြ၏။