ဟေရှာယ 65:9 - Common Language Bible9 ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible9 ယာ ကုပ် အ မျိုး အ တွင်း မှ အ နွယ် ကို လည်း ကောင်း၊ ယု ဒ အ မျိုး အ တွင်း မှ ငါ့ တောင် တန်း တော် ပိုင် သူ့ ကို လည်း ကောင်း၊ ထုတ် ဖော် သည့် အ လျောက်၊ ငါ ရွေး ချယ် သူ တို့ သည် ပိုင် ရ ခွင့်၊ ငါ့ ကျွန် တို့ လည်း နေ ထိုင် ခွင့် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
ကွဲလွင့်နေသူသင်တို့၏အမျိုးသားများ အား မိမိတို့ပြည်သို့ငါခေါ်ဆောင်လာမည့် အချိန်ကာလကျရောက်လာလိမ့်မည်။ ငါသည်သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင် ထင်ပေါ်ကျော်ကြားစေမည်။ သင်တို့ကိုတစ်ဖန်ပြန်လည်ကောင်းစား စေမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-