အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 64:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​တို့​အား​လုံး​အ​ပြစ်​သား​များ ဖြစ်​ကြ​ပါ​၏။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး အ​ကျင့်​ပင်​လျှင်​လုံး​ဝ​ဥ​ဿုံ​ရွံ​ရှာ​ဖွယ်​သာ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​လေ​လွင့်​ရွက်​ခြောက်​များ နှင့်​တူ​ကြ​ပါ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် တို့ ရှိ သ မျှ သည် မ သန့် ရာ သို့ ရောက် လျက်၊ ခပ် သိမ်း သော ကောင်း မှု များ လည်း ညစ် ပေ သော အ ဝတ် နှင့် တူ၏။ အ ကျွန်ုပ် တို့ ရှိ သ မျှ သည် သစ် ရွက် ကဲ့ သို့ ညှိုး နွမ်း လျက်၊ ကိုယ့် ပြစ် မှု များ ပင်၊ လေ ကဲ့ သို့ တိုက် သွား တတ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 64:6
38 ပူးပေါင်းရင်းမြစ်များ  

တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။


မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။


လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။ မိန်းမ​မှ​မွေး​သော​လူ​သည် မည်သို့​သန့်ရှင်းစင်ကြယ်​နိုင်​မည်နည်း​။


“​ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် ယုတ်ညံ့​သော​သူ​ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ပါ​ပြီ​။


ဆိုးယုတ်​သော​သူ​တို့​မူကား ထိုကဲ့သို့​မ​ဟုတ်​။ လေတိုက်​၍ လွင့်သွား​သော​ဖွဲ​နှင့်​တူ​ကြ​၏​။


အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။ သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ထာဝရဘုရား​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။


အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။


ဆန့်ကျင်ပုန်ကန်​သူ​နှင့် အပြစ်​ကျူးလွန်​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို စွန့်ခွာ​သော​သူ​တို့​သည် အပြီးသတ်​သုတ်သင်​ခြင်း​ခံရ​မည်​။


အမှန်ပင် သင်​တို့​သည် အရွက်​ညှိုးနွမ်း​သော​သပိတ်ပင်​ကဲ့သို့​၊ ရေ​မ​ရှိ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


သို့သော်လည်း အို ယာကုပ်​အမျိုး​၊ သင်​သည် ငါ့​ကို​မ​ခေါ်​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ့​ကို​ငြီးငွေ့​လေ​ပြီ​။


စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။


အို ယာကုပ်​အမျိုးအနွယ်​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် အစ္စရေး​ဟူသော​အမည်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​၊ ယုဒ​စမ်းရေတွင်း​များ​မှ စီး​ထွက်လာ​သူ​၊ သစ္စာတရား​အားဖြင့်​မ​ဟုတ်​၊ ဖြောင့်မတ်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နာမ​တော်​ကို တိုင်တည်ကျိန်ဆို​သူ​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ ပတ္ထနာပြု​သော​သူ​၊


ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။


ငါ​လာ​သောအခါ အဘယ်ကြောင့် လူ​တစ်ယောက်​မျှ​မ​ရှိ​သနည်း​။ ငါ​ခေါ်​သောအခါ အဘယ်ကြောင့် ထူး​သော​သူ​မ​ရှိ​သနည်း​။ ငါ့​လက်​သည် မ​ရွေးနုတ်​နိုင်​လောက်အောင် တိုလွန်း​သလော​။ ငါ​၌ ကယ်တင်​နိုင်​သော​တန်ခိုး​မ​ရှိ​သလော​။ ငါ​ဆုံးမ​သဖြင့် ပင်လယ်​သည် ခန်းခြောက်​၏​။ ငါ​သည် မြစ်​တို့​ကို တောကန္တာရ​ဖြစ်စေ​၍ ငါး​တို့​သည် ရေ​မ​ရှိ​သောကြောင့် အပုပ်နံ့ထွက်​ကြ​၏​။ ရေငတ်​၍​သေ​ကြ​၏​။


ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။


ပညတ္တိကျမ်း​တွင် မောရှေ​ရေး​ထား​သည့် ဘေးဆိုး​အလုံးစုံ​တို့​သည် အကျွန်ုပ်​တို့​အပေါ် သင့်ရောက်​ပါ​၏​။ ထိုသို့​ဖြစ်​သည့်​တိုင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို မ​ရှာ​၊ အပြစ်လမ်း​မှ ပြန်​မ​လှည့်​၊ သမ္မာတရား​ကို အလေး​မ​ထား​ခဲ့​ကြ​ပါ​။


လေ​သည် သူ​တို့​ကို အတောင်ပံ​များ​နှင့်​ရစ်ပတ်​လေ​ပြီ​။ သူ​တို့​ပူဇော်​သော​ယဇ်​များ​ကြောင့် အရှက်ကွဲ​ရ​ကြ​လိမ့်မည်​။


သူ​တို့​အားလုံး မီးဖို​ကဲ့သို့ ပူလောင်​လျက် သူ​တို့​၏​အုပ်ချုပ်​သူ​များ​ကို ဝါးမျို​ကြ​လေ​ပြီ​။ ရှင်ဘုရင်​တို့​ကို​လည်း လှဲချ​ပစ်​ကြ​ပြီ​။ ငါ့​ကို ခေါ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။


အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင်


ယောရှု​သည် ညစ်ပေ​သော​အဝတ်​ကို ဝတ်​လျက် ကောင်းကင်တမန်​ရှေ့​တွင် ရပ်​နေ​၏​။


ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။


ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။


ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။


အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။


ထို့နောက် သက်ကြီးဝါကြီး​တို့​ထဲမှ​တစ်​ပါး​က “ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​သော​ဤ​သူ​တို့​သည် မည်သူ​တို့​နည်း။ မည်သည့်​အရပ်​မှ​လာ​ကြ​သနည်း”​ဟု ငါ့​အား​မေး​၏။