သင်တို့သည် ငါ့အဖို့ နိုင်ငံတော်၏ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းသောလူမျိုးတော်ဖြစ်ကြမည်’ဟု ဆင့်ဆိုရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အား သင်ပြောဆိုရမည့်စကားများဖြစ်၏”ဟု မိန့်တော်မူ၏။
ဟေရှာယ 61:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။ Common Language Bible သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။ Garrad Bible သင် တို့ မူ ကား ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ်၊ ငါ တို့ ဘု ရား သ ခင်၏ အ မှု တော် ဆောင် ဟု ခေါ် ဝေါ် ခံ ရ၍၊ လူ မျိုး ခြား တို့ စည်း စိမ် ကို ခံ စား လျက်၊ ၎င်း တို့ အ သ ရေ ကြောင့် ဂုဏ် တက် ကြ လိမ့် မည်။ Judson Bible သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍၊ သူတို့၏ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက် ကြလိမ့်မည်။ |
သင်တို့သည် ငါ့အဖို့ နိုင်ငံတော်၏ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းသောလူမျိုးတော်ဖြစ်ကြမည်’ဟု ဆင့်ဆိုရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အား သင်ပြောဆိုရမည့်စကားများဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် ထိုမြို့၏အကျိုးအမြတ်နှင့် ဝင်ငွေတို့ကို ထာဝရဘုရားအား ဆက်ကပ်ကြရမည်။ စုဆောင်းခွင့်မရှိ၊ သိုမှီးခွင့်မရှိ။ ထိုမြို့၏အကျိုးအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့ ဝဝလင်လင်စားရရန်နှင့် ကောင်းကောင်းမွန်မွန်ဝတ်ရရန်အတွက် ဖြစ်လိမ့်မည်။
အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ ပျံ့နှံ့ရောက်ရှိမည်။ သင်၏သားစဉ်မြေးဆက်တို့သည် တိုင်းနိုင်ငံတို့ကိုပိုင်ဆိုင်မည်။ လူသူကင်းမဲ့သောမြို့တို့၌ နေထိုင်ကြမည်။
ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်၍ နာမတော်ကိုချစ်မြတ်နိုးသောကိုယ်တော်၏အစေအပါးဖြစ်ရန် ထာဝရဘုရား၌မှီဝဲဆည်းကပ်သော တိုင်းတစ်ပါးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကိုမညစ်ညူးစေရန် စောင့်ထိန်း၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသောသူအပေါင်းတို့ကိုလည်းကောင်း
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ငြိမ်းချမ်းမှုကို မြစ်ရေကဲ့သို့လည်းကောင်း၊ လူမျိုးတကာတို့၏ဘုန်းအသရေကို စီးဆင်းသောစမ်းချောင်းကဲ့သို့လည်းကောင်း ဂျေရုဆလင်မြို့ထဲသို့ စီးဆင်းစေမည်။ သင်တို့ကို နို့တိုက်မည်၊ ခါးစောင်း၌ ချီထားမည်၊ ကလေးကဲ့သို့ ဒူးပေါ်တွင်မြှူမည်။
ထာဝရဘုရားက “ထိုသူအချို့တို့ကို ယဇ်ပုရောဟိတ်အဖြစ်၊ လေဝိအမျိုးသားအဖြစ် ငါခေါ်ယူမည်”ဟု မိန့်တော်မူ၏။
နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့မှ အစ္စရေးအမျိုးအနွယ်သည် ငါ့ထံမှလမ်းလွဲတော့မည်မဟုတ်။ အပြစ်ကျူးလွန်ခြင်းဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
ထို့ကြောင့် လူတို့သည် ငါတို့အား ခရစ်တော်၏အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာများကို စောင့်ရှောက်ရသော ဘဏ္ဍာစိုးအဖြစ်လည်းကောင်း မှတ်ယူပါစေ။
သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။
အလွန်သည်းခံခြင်း၌ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်း၌ဖြစ်စေ၊ ခက်ခဲကျပ်တည်းခြင်း၌ဖြစ်စေ၊ နာကျင်ခြင်းဝေဒနာ၌ဖြစ်စေ၊
သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။