ယေဇကျေလ 14:11 - မြန်မာ့စံမီသမ္မာကျမ်း
11 သို့မှ အစ္စရေးအမျိုးအနွယ်သည် ငါ့ထံမှလမ်းလွဲတော့မည်မဟုတ်။ အပြစ်ကျူးလွန်ခြင်းဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ဣသရေလအမျိုးသားတို့သည်ငါ့ကို ပစ်ပယ်၍ မိမိတို့ကိုယ်ကိုအပြစ်များဖြင့် မညစ်ညမ်းစေရန် ဤသို့ငါပြုမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် လည်းသူတို့၏ဘုရားဖြစ်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 သို့ မှ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ နောင် အ ထံ တော် က လွှဲ ခြင်း၊ လွန် ကျူး မှု များ ဖြင့် မ သန့် ရာ ရောက် ခြင်း ကို မ ပြု ဘဲ၊ ငါ၏ လူ မျိုး တော်၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ထိုသို့ဖြစ်လျှင်၊ နောက်တစ်ဖန် ဣသရေလအမျိုးသည် ငါ့ကိုမစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်းအပြစ်ရှိသမျှတို့နှင့် နောက်တစ်ဖန် မညစ်ညူးဘဲ၊ ငါ၏လူ ဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ